Connect with us

COVID-19 UPDATES

COVID-19 ကြောင့် သေဆုံးသွားသူများအား ဂင်္ဂါမြစ်အတွင်းသို့ စွန့်ပစ်ခြင်းကို ရပ်တန့်ရန် အိန္ဒိယ ပြည်နယ်များ ပြော

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Sarai Kale Khan မီးသင်္ဂြိုဟ်နေရာတွင် COVID-19 ကြောင့် သေဆုံးသူတစ်ဦးအား မီးသင်္ဂြိုဟ်နေသည့် မိသားစုဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ မေ ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှုဒုတိယလှိုင်းကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရသဖြင့် ပြည်နယ်များအနေဖြင့် COVID-19 ကြောင့် သေဆုံးသွားသူများအား ဂင်္ဂါမြစ်အတွင်း စွန့်ပစ်သည့်အလေ့အထကို စစ်ဆေးရန် အစိုးရက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ Jal Shakti (ရေအရင်းအမြစ်) ဝန်ကြီးဌာန ဝန်ကြီး Gajendra Singh Shekhawat က ၎င်းတို့ ဝန်ကြီးဌာနအနေဖြင့် ထုံထမ်းဓလေ့၏ စိုးရိမ်ဖွယ်အခြေအနေကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကန့်သတ်မှုအတွက် ညွှန်ကြားချက်များ ပေးလျက်ရှိကြောင်း သိရသည်။

“ဂင်္ဂါမြစ်အတွင်း ရုပ်အလောင်းတွေ စွန့်ပစ်ခြင်း စိုးရိမ်ဖွွယ်အခြေအနေကိစ္စ ကျွန်တော်တို့ ဆောင်ရွက်နေပြီး တားမြစ်ချက်အတွက် ဆောင်ရွက်ချက်တွေကိုလည်း ညွှန်ကြားထားပါတယ်။ အစိုးရအနေနဲ့လည်း မည်သူမည်ဝါမှန်းမသိတဲ့ ရုပ်အလောင်းတွေအားလုံးကို လုပ်ထုံးလုပ်နည်းအတိုင်း ရှင်းလင်းသွားမှာပါ” ဟု Shekhawat က ပြောကြားခဲ့သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ဘီဟာပြည်နယ်နှင့် ဥတာပရာဒက်ရှ်ပြည်နယ်များတွင် ဂင်္ဂါမြစ်အတွင်း ရုပ်အလောင်း ၉၆ ခုကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက မေ ၁၂ ရက်၌ ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် Jal Shakti ဝန်ကြီးဌာန၏ ဂင်္ဂါမြစ်သန့်စင်ရေးဆိုင်ရာမစ်ရှင် (NMCG) က ဂင်္ဂါမြစ်တစ်လျှောက်ရှိ ပြည်နယ်များအနေဖြင့် ရုပ်အလောင်းများအား ဂင်္ဂါမြစ်အတွင်း စွန့်ပစ်ခြင်းကို ရပ်တန့်ရန် ဆောင်ရွက်ချက်များအား လိုက်နာကြရန် တိုက်တွန်းထားသည်။

ယင်းသို့ ဆောင်ရွက်မှု အစီရင်ခံစာများအား လာမည့် ၁၄ ရက်အတွင်း တင်သွင်းရန်လည်း ပြောကြားထားသည်။

အိန္ဒိယနိုင်ငံတွင် ကပ်ရောဂါဒုတိယလှိုင်းဖြစ်ပွားစဉ် ပြီးခဲ့သည့်ရက်များအတွင်း နေ့စဉ်ရောဂါကူးစက်မှုအသစ် မြင့်မားလျက်ရှိကြောင်း၊ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါအတည်ပြုလူနာ ၃၄၈,၄၂၁ ဦးနှင့် သေဆုံးသူအသစ် ၄,၂၀၅ ဦးရှိခဲ့ကြောင်း မေ ၁၃ ရက်က ကျန်းမာရေးဝန်ကြီးဌာနက သတင်းဖော်ပြခဲ့သည်။

ကပ်ရောဂါကြောင့် လူသေဆုံးမှုမြင့်တက်လာခြင်းက ရင်ခွဲရုံ၊ မီးသင်္ဂြိုဟ်နေရာများနှင့် မြေမြှုပ်နေရာများကို ပြည့်ကြပ်လာစေကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Indian states asked to stop people from dumping bodies of COVID-19 victims into Ganga
Source: Xinhua| 2021-05-12 16:32:21|Editor: huaxia
NEW DELHI, May 12 (Xinhua) — India’s federal government has asked states to check the practice of dumping bodies of COVID-19 victims into the river Ganga, as the country struggles in a devastating second wave of infections.
India’s federal minister of Jal Shakti (water resources), Gajendra Singh Shekhawat, said his ministry has taken serious note of the practice and given instructions for its prohibition.
“We have taken serious note of the issue of dumping dead bodies in River Ganga and instituted measures for the prohibition,” Shekhawat said, adding that the government will take steps to “ensure all unidentified bodies are disposed as per the protocol.”
Over the past few days in the Bihar and Uttar Pradesh states at least 96 corpses were found floating in the river Ganga, officials said Wednesday.
Meanwhile, the Jal Shakti ministry’s National Mission for Clean Ganga (NMCG) has urged states along the Ganga to adopt measures to stop people from dumping bodies in Ganga.
It has also asked them to submit reports on actions taken in the next 14 days.
Record high numbers of daily new infections and deaths have been reported in past days in India during the second wave of the pandemic. The federal health ministry on Wednesday reported 348,421 new confirmed cases and 4,205 new deaths in the past 24 hours across the Asian country.
The rising death toll from the pandemic has led to overcrowding of morgues, crematoriums and burial grounds. Enditem

Family members look at the funeral pyres for a COVID-19 victim at Sarai Kale Khan crematorium in New Delhi, India, May 12, 2021. (Photo by Partha Sarkar/Xinhua)