နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယအမျိုးသမီးတစ်ဦးသည် ညစ်ညမ်းဝက်ဘ်ဆိုက်အားလုံးကို ချက်ချင်း ပိတ်ပင်ပေးရန် အိန္ဒိယနိုင်ငံ တရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားခဲ့ပြီး လျှောက်ထားရခြင်းအကြောင်းရင်းမှာ ၎င်း၏ ခင်ပွန်းဖြစ်သူသည် ညစ်ညမ်းဝက်ဘ်ဆိုက်စွဲလမ်းသူတစ်ဦးဖြစ်လာပြီး ရလဒ်အနေဖြင့် ၎င်း၏ မိသားစုဘဝ ပြိုကွဲခဲ့ရခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
နယူးဒေလီ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ခြေသုတ်ဖုံပေါ်မှာ အိန္ဒိယ နိုင်ငံတော် အလံကို ထည့်သွင်း အသုံးပြုကာ ရောင်းချခဲ့ပြီး အိန္ဒိယနိုင်ငံအား ဂုဏ်သိက္ခာ ကျဆင်းစေသည့်အတွက် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆက်ရှ်မာဆွာရတ်ကို အွန်လိုင်း ဈေးကွက်ကြီး တစ်ခု ဖြစ်သော အမေဇုံ (Amazon) တောင်းပန်လိုက်သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Jharkhand ပြည်နယ်တွင် ကျောက်မီးသွေးမိုင်း တစ်ခု ပြိုကျမှုကြောင့် အနည်းဆုံး လူ ၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အခြား လူ ၆၀ ကျော်လည်း အတွင်းဘက်တွင် ပိတ်မိနေကြောင်း ရဲအရာရှိ တစ်ဦးက ဒီဇင်ဘာလ...
နယူးဒေလီ၊ ဒီဇင်ဘာ ၂၆ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒါမိုဒီ သည် ဒီဇင်ဘာ ၂၅ရက်တွင် ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် နာဝတ်ဇ် ရှာရစ်ဖ် ၏ ၆၇နှစ်ပြည့်မွေးနေ့ အတွက် ဆိုရှယ်မီဒီယာမှတစ်ဆင့် မွေးနေ့ဆုတောင်းစကားပေးပို့ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၅ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Rajasthan ပြည်နယ်တွင် ဒီဇင်ဘာ၄ရက်က ကားနှစ်စီး ပြင်းထန်စွာ တိုက်မိ၍ အနည်းဆုံး လူ ၈ဦးသေဆုံးပြီး အခြား ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) အိန္ဒိယနှင့် ကာတာနိုင်ငံတို့သည် ဗီဇာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံ ဆက်ဆံရေး၊ Cyberspace စသည် အဓိကကျသည့် နယ်ပယ် လေးခု၌ ပူးပေါင်းလုပ်ဆောင်ကြရန် သဘောတူလက်မှတ်များ ရေးထိုးခဲ့ကြောင်း သိရသည်။
ဂိုအာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၈ ကြိမ်မြောက် BRICS ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒ္ဒြာ မိုဒီတို့သည် အောက်တိုဘာလ ၁၅ ရက်က နှစ်နိုင်ငံ ဆက်ဆံရေးအတွက်...
ဂိုအာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် BRICS ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂိုအာပြည်နယ်သို့ အောက်တိုဘာလ ၁၅ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ အိန္ဒိယနိုင်ငံ အခြေစိုက် ဘဏ်တစ်ခုဖြစ်သော State of India Bank (SBI) ၏ ဘဏ်ခွဲအား ရန်ကုန်မြို့ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ Union Financial Center တွင် ဖွင့်လှစ် လိုက်ကြောင်း ဘဏ်...
နယူးဒေလီ ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် သြဂုတ်လ ၂၈ ရက်က (SCRAMJET) ဒုံးပျံသစ် တစ်စင်းကို နိုင်ငံတောင်ပိုင်းရှိ Sriharikota အာကာသဒုံးပျံ ပစ်လွှတ်စင် မှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။