Connect with us

Asia

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် လူ ၅၀ ဒဏ်ရာရရှိ

ယာဉ်တိုက်မှုဖြစ်ပွားနေကြောင်း သတိပေးချက်ဆိုင်းဘုတ်ထောင်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်ရှိ မြောင်းတစ်ခုအတွင်းသို့ ဘတ်စ်ကားတစ်စီး တိမ်းမှောက်သွားခဲ့ရာ လူ ၅၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ဖြစ်ရပ်သည် ယင်းပြည်နယ်၏ Muzzaffarnagar ခရိုင် Delhi-Haridwar အဝေးပြေးလမ်းမကြီးပေါ်ရှိ Haredi မြို့ရှောင်လမ်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ခရီးသည် ၆၀ လိုက်ပါလာတဲ့ ဘတ်စ်ကားက လမ်းဘေးက ချိုင့်ထဲကျသွားပြီး မှောက်သွားခဲ့တာပါ။ လူ ၅၀ ခန့် ဒဏ်ရာရသွားတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောခဲ့သည်။

အဆိုပါ ဘတ်စ်ကားသည် သတ်မှတ်အရှိန်ထက်ကျော်လွန်ကာ မောင်းနှင်လာခဲ့ခြင်း ဖြစ်ပြီး ချိုင့်အတွင်းသို့ကျစဉ်တွင် ယာဉ်မောင်းက ဘရိတ်မနင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း မျက်မြင်သက်သေများက ရဲများအား ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117