Connect with us

Asia

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ဆလင်ဒါအိုးပေါက်ကွဲမှုကြောင့် လူ ၄ ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရ

အိန္ဒိယနိုင်ငံရှိ နေအိမ်တစ်အိမ်တွင် ဂတ်စ်မီးဖိုဖြင့် ချက်ပြုတ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် ဆလင်ဒါအိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး အခြားသူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင်လ ၂၄ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ပေါက်ကွဲမှုသည် ယင်းပြည်နယ်၏ Agra ခရိုင် Darki ကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ ဇူလိုင်လ ၂၃ ရက် ညပိုင်းက အိမ်တစ်အိမ်ရှိ ဟင်းချက်ရာတွင် အသုံးပြုသည့် ဓာတ်ငွေ့ဆလင်ဒါအိုး ယိုစိမ့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုပေါက်ကွဲမှုကြောင့် လူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသူ ၅ ဦးမှာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းအနက် ၂ ဦးမှာ စိုးရိမ်ရကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဆလင်ဒါအိုး ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ရှိနေအိမ်များ၏ ပြတင်းပေါက်မှန်များ ကွဲသွားခဲ့ကြောင်း ဒေသခံ မီဒီယာ သတင်းများတွင် ဖော်ပြထားသည်။

ပေါက်ကွဲမှု ဖြစ်ပွားရခြင်း အကြောင်းရင်းအား စုံစမ်းစစ်ဆေးနေကြောင်း အထက်ပါ အရာရှိက ပြောကြားခဲ့သည်။ (Xinhua)