ဟောင်ကောင်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR)အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းနှင့် ဇွန် ၃၀ ရက် မွန်းလွဲပိုင်းတွင် ဟောင်ကောင်၌ တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် သမ္မတရှီကျင့်ဖိန်က ၅ နှစ်ကြာကာလ ဗဟိုအစိုးရ၏ခိုင်မာသော ထောက်ခံမှုအောက်တွင် ကယ်ရီလမ်းအနေဖြင့် အုပ်ချုပ်ရေးမှူး၏ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်များကို...
ဟောင်ကောင် ၊ မေ ၉ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဂျွန်လီအား HKSAR ၏ ဆဋ္ဌမသက်တမ်းအုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရသည့်အပေါ် မေ ၈ ရက်တွင် ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သိရသည်။
ဟောင်ကောင် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ၏ အုပ်ချုပ်ရေးမှူးကယ်ရီလမ်းက ကိုဗစ်လုံးဝကင်းစင်ရေး “ Zero COVID-19 ”သည် ဟောင်ကောင်၏ လက်ရှိ ကပ်ရောဂါတိုက်ဖျက်ရေးအခြေအနေအတွက် အကောင်းဆုံးမဟာဗျူဟာဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင်ပြောကြားခဲ့သည်။
ဟောင်ကောင် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ ပြည်သူ့တာဝန်ဝတ္တရားများကို အပြည့်အဝကျေပွန်စေရန် နှင့် ကျင်းပဆဲ သတ္တမသက်တမ်း ဟောင်ကောင်ဥပဒေပြုကောင်စီရွေးကောက်ပွဲ(LegCo) ၌ တက်ကြွစွာမဲပေးကြရန် ယနေ့ ဒီဇင်ဘာ ၁၉ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ဟောင်ကောင်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုင်ခွင့်ရဒေသ (HKSAR) အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း က ၎င်းအနေဖြင့် ပဋိပက္ခ နှင့် မငြိမ်သက်မှုများဖြစ်ပွားခဲ့သောနှစ်ကို ကျော်လွန်ပြီးနောက် ပြန်လည်နာလန်ထူရန်အတွက် ခွန်အားများနှင့် ကြိုးပမ်းအားထုတ်မှုများကို စုစည်းရန် ငွေကြေးအချက်အခြာတစ်ခုဖြစ်သော ဟောင်ကောင်ကို ဦးဆောင်သွားမည်ဟု ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။
ဂျီနီဗာ ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူးကယ်ရီလမ်း(Carrie Lam) က ယနေ့ ဇွန် ၃၀ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ ဗီဒီယိုရုပ်သံမှတဆင့် မိန့်ခွန်းပြောကြားရာ၌ တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ရန် အခွင့်အရေးကိုလေးစားရန် နှင့် တည်ငြိမ်မှု နှင့် သဟဇာတဖြစ်မှုအတွက် ဟောင်ကောင်ပြည်သူများ၏...
ပေကျင်း၊ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းသို့ လာရောက် အလုပ်အစီရင်ခံသော ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အမှုဆောင်အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်း အား ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။