Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန်က ပေကျင်းသို့လာရောက် အလုပ်စီရင်ခံသော ဟောင်ကောင် အမှုဆောင်အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်းအား လက်ခံတွေ့ဆုံ

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ဟောင်ကောင် အမှုဆောင် အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်းအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းသို့ လာရောက် အလုပ်အစီရင်ခံသော ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အမှုဆောင်အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်း အား ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

သမ္မတရှီက ယခုနှစ်သည် ဟောင်ကောင်ဒေသ အမိမြေလက်အောက်သို့ ပြန်လည်ရောက်ရှိသော ကာလတစ်လျှောက် တွင် အရှုပ်ထွေးအကြမ်းတမ်းဆုံး နှစ်ဖြစ်ကြောင်း ၊ ကယ်ရီလမ်းအနေဖြင့် အခက်အခဲဖိအားမျိုးစုံကို ရင်ဆိုင်ရာတွင် “တစ်နိုင်ငံ စနစ်နှစ်ခု” အုပ်ချုပ်ရေးပုံစံကို အခြေပြု၍ ခိုင်မာစွာ ဆောက်တည်ကာ ဥပဒေနှင့်အညီ တာဝန်ကျေကျေဖြင့် အားထုတ်ကြိုးပမ်းခဲ့သလို အထူးဒေသအစိုးရအဖွဲ့ကို ဦးဆောင်ကာ လူမှုရေးဆိုင်ရာစိုးရိမ်ပူပင်မှုများကို အပြုသဘောဆောင် တုန့်ပြန်ဆောင်ရွက်မှုများဖြင့် ကုမ္ပဏီလုပ်ငန်းများကို ကူညီဖေးမသော အများပြည်သူ အဆင်ပြေသက်သာမည့် မူဝါဒများ ဆောင်ရွက်သလို လူမှုရေးပဋိပက္ခများကို ဖြေရှင်းရန်ကြိုးစားလေ့လာမှုများ လုပ်ဆောင်ခဲ့ကြောင်း ၊ ဟောင်ကောင်ဒေသ၏အထူးကာလတွင် ရဲစွမ်းသတိ္တ၊တာဝန်ယူမှုတာဝန်ခံမှုများကို  ဗဟိုအစိုးရမှ အပြည့်အဝအသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့်  ဟောင်ကောင် အမှုဆောင် အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်းအား တွေ့ရစဉ်(ဆင်ဟွာ) 

သမ္မတရှီက မိမိအနေဖြင့် နိုဝင်ဘာ ၁၄ ရက်က ဘရာဇီးနိုင်ငံ၌ ကျင်းပသည့် ၁၁ ကြိမ်မြောက် BRIC ထိပ်သီးအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောစဉ်က  ဗဟိုအစိုးရအနေဖြင့် ဟောင်ကောင်အခြေအနေအပေါ်ထားရှိသည့်ရပ်တည်ချက်နှင့်သဘောထားကို ဖော်ပြထားပြီဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့်  နိုင်ငံ၏ အချုပ်အချာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးရေးအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းသည့် သန္နိဌာန် စွဲမြဲခိုင်မာသလို “တစ်နိုင်ငံ စနစ် နှစ်ခု ”မူဝါဒ သန္နိဌာန် စွဲမြဲခိုင်မာကြောင်း ၊ ဟောင်ကောင်အရေးကို စွက်ဖက်သည့် မည်သည့် ပြည်ပအင်အားစုကိုမဆို ဆန့်ကျင်သည့် သန္နိဌာန်ကလည်း စွဲမြဲခိုင်မာကြောင်း အလေးအနက် ထား ပြောကြားခဲ့သည်။ 

မိမိတို့အနေဖြင့် ကယ်ရီလမ်းဦးဆောင်သည့် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ၏ ဥပဒေနှင့်အညီ စီမံအုပ်မှုများကိုလည်းကောင်း ၊ ဟောင်ကောင်ရဲတပ်ဖွဲ့၏ ဥပဒေနှင့်အညီ တင်းကြပ်မှန်ကန်သည့် ဆောင်ရွက်ချက်များကို လည်းကောင်း ၊ နို်ငငံချစ်သည့် ဟောင်ကောင်ချစ်သည့် အင်အားကိုလည်းကောင်း  ခိုင်မာစွာထောက်ခံကြောင်း နှင့်  ဟောင်ကောင်လူမှု အဖွဲ့အစည်းနယ်ပယ်အသီးမှ လူပုဂ္ဂိုလ်များ တစ်သားတည်းစည်းလုံးညီညွတ်စွာ  အတူ ဟောင်ကောင်၏ဖွံ့ဖြိုးတိုးတက်မှုကို ပုံမှန်ပြန်လည်ရောက်ရှိစေရန်တွန်းအားပေး ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.