Connect with us

Politics, Law & Military

ဟောင်ကောင်အုပ်ချုပ်ရေးမှူးက တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ရန် အခွင့်အရေးအား လေးစားကြရန် ကမ္ဘာသို့ တိုက်တွန်း

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသခံများက အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမှုအပေါ် ထောက်ခံကြောင်း မေ ၂၄ ရက်က လက်မှတ်ရေးထိုးနေစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူးကယ်ရီလမ်း(Carrie Lam) က ယနေ့ ဇွန် ၃၀ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ ဗီဒီယိုရုပ်သံမှတဆင့် မိန့်ခွန်းပြောကြားရာ၌ တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ရန် အခွင့်အရေးကိုလေးစားရန် နှင့် တည်ငြိမ်မှု နှင့် သဟဇာတဖြစ်မှုအတွက် ဟောင်ကောင်ပြည်သူများ၏ စိတ်ဆန္ဒကို လေးစားကြရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ တိုက်တွန်းပြောကြားလိုက်သည်။ 

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၄၄ ကြိမ်မြောက် အစည်းအဝေးဖွင့်ပွဲ၌ မိန့်ခွန်းပြောကြားရာတွင် ကယ်ရီလမ်းက အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှု ဥပဒေပြဌာန်းရန် ယခုချက်ချင်းလိုအပ်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသခံများက အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမှုအပေါ် ထောက်ခံကြောင်း မေ ၂၄ ရက်က လက်မှတ်ရေးထိုးနေစဉ်(ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသခံများက အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမှုအပေါ် ထောက်ခံကြောင်း မေ ၂၄ ရက်က လက်မှတ်ရေးထိုးနေစဉ်(ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသခံများက အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမှုအပေါ် ထောက်ခံကြောင်း လက်မှတ်ရေးထိုးထားသည့်စာရွက်အား တွေ့ရစဉ်(ဆင်ဟွာ)

“ တရုတ်နိုင်ငံမှာဖြစ်စေ အခြားဘယ်နိုင်ငံမှာပဲဖြစ်စေ ဗဟိုအစိုးရရဲ့တာဝန်ခံမှုအောက်မှာ အမျိုးသားလုံခြုံရေးဥပဒေဟာ မပြောင်းမလဲ အစဉ်အမြဲရှိနေရမှာပါ ၊ ကမ္ဘာ့နိုင်ငံအားလုံးမှာ ဗဟိုအစိုးရနဲ့အတူ အမျိုးသားအကျိုးစီးပွားအတွက် ဥပဒေပြဌာန်းဖို့ အခွင့်အာဏာ ရှိကြပါတယ်” ဟု ၎င်းက ဆိုသည်။

ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ ခွဲခြား၍ မရသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အဆိုပါ အထူးအုပ်ချုပ်ခွင့်ရဒေသတစ်ခုသည် ဗဟိုအစိုးရမှ တိုက်ရိုက်လာသော ကိုယ်ပိုင်အုပ်ချုပ်ခွင့် အမြင့်ဆုံး ဒီဂရီတစ်ရပ်ဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ တည်ရှိနေသော ဒေသကြီးတစ်ခုဖြစ်သည်။ သို့သော် ဟောင်ကောင်သည် ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေ တာဝန်ဝတ္တရားကို အပြည့်အဝ ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိသေးပါ။ ဟောင်ကောင်ဒေသခံ ၇.၅ သန်း၏ စိတ်ဆန္ဒသာမက တရုတ်နိုင်ငံပြည်မကြီးရှိ ပြည်သူ ၁.၄ ဘီလီယံကလည်း “ အမျိုးသားလုံခြုံရေးမှာ ယိုပေါက်တစ်ခုဖြစ်နေတာကို ဘယ်လောက်ကြာကြာသီးခံနိုင်မလဲဆိုတဲ့မေးခွန်းရဲ့ အမေးနဲ့ အဖြေကိုပေါ့” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သော ဇွန်လမှစတင်ကာ ဟောင်ကောင်သည် ပြည်ပအင်အားစုများ၏ မြှောက်ထိုးပင့်ကော်မှုကြောင့် အကြမ်းဖက်မှု အရှိန်အဟုန်မြင့်မားလာခဲ့ရသည်။ ယင်းကာလအတွင်း “ ဟောင်ကောင်လွတ်လပ်ရေး” ဟူ၍ စည်းရုံးနေလှုံ့ဆော်နေသည့်အုပ်စု နှင့် “ ကိုယ့်ကြမ္မာကိုယ်ဆုံးဖြတ်ရေး” ဟူ၍ သွေးထိုးဆန္ဒပြကြသူများက  နိုင်ငံတော်အလံကို မီးရှို့ခြင်း ၊ ဟောင်ကောင်ရှိ ဗဟိုအစိုးရရုံးအား ပစ်ပေါက်ခြင်း နှင့် အမျိုးသားအထိမ်းအမှတ်ကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် အချို့သော ဒေသခံနိုင်ငံရေးသမားများက ဟောင်ကောင်အပေါ် ပိတ်ဆို့အရေးယူမှု သို့မဟုတ် ဟောင်ကောင်၏အရေးကို ပြည်ပအစိုးရများမှ ဝင်ရောက်စွက်ဖက်ရေးအတွက် အခြားသော လှုပ်ရှားမှုများဖြစ်ပေါ်နေစဉ် ဟောင်ကောင်အစိုးရအား အဟန့်အတားဖြစ်အောင် ပြုလုပ်ခဲ့ကြသည်။

ထိုသို့သော လုပ်ဆောင်ချက်များသည် “တစ်နိုင်ငံ” မျဉ်းနီကို စည်းကျော်လွန်နေခဲ့ပြီဖြစ်ကြောင်း နှင့် ခိုင်မာသော အရေးယူမှုအတွက် လမ်းက တောင်းဆိုခဲ့သည်။ ၎င်းက “ အချုပ်အခြာအာဏာ နဲ့ အမျိုးသားလုံခြုံရေးအပြင် နိုင်ငံ့အင်အားကိုပါ ဖျက်ဆီးခံရမယ့်အန္တရာယ် ဖြစ်နေတဲ့ ခြိမ်းခြောက်မှုတွေကို ဘယ် ဗဟိုအစိုးရမှ မျက်စိပိတ်ပြီး နေနိုင်မှာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် အမျိုးသားပြည်သူ့ကွန်ဂရက်က ဖွဲ့စည်းပုံအခြေခံဥပဒေ အခွင့်အာဏာ နှင့် ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းရန် တာဝန်ရှိကြောင်း လူ့အခွင့်ရေးကောင်စီသို့ ကယ်ရီလမ်းက ရှင်းလင်းပြောကြားခဲ့သည်။“ ဥပဒေပြဌာန်းတဲ့ ရည်ရွယ်ချက်က နိုင်ငံရဲ့ အင်အားကို ဖျက်ဆီးဖို့ လုပ်ဆောင်တာတွေ ၊ အကြမ်းဖက်လုပ်ဆောင်မှုတွေ ၊ အမျိုးသားလုံခြုံရေးကို အန္တရာယ်ပြုဖို့ ပြည်ပနိုင်ငံတွေ ပြည်ပအင်အားစုတွေနဲ့ပူးပေါင်းလုပ်ဆောင်တာတွေကို ကြိုတင်ကာကွယ်ဖို့ ၊ ထိန်းချုပ်ဖို့ နဲ့ အပြစ်ပေးအရေးယူဖို့ ပဲဖြစ်ပါတယ် ” လမ်းက ဆိုသည်။

“ အဲဒီ ရာဇဝတ်မှုတွေက ဥပဒေချိုးဖောက်မှုဖြစ်တယ် ဆိုတာ ရှင်းပါတယ် ၊ ဒီဥပဒေက အဲဒီလို ဥပဒေ ချိုးဖောက်နေတဲ့ အရေအတွက်အနည်းငယ်သာရှိတဲ့ အစွန်းရောက် လူအချို့ကိုပဲ ပစ်မှတ်ထားတာပါ။ တစ်ချိန်တည်းမှာပဲ ဒီဥပဒေက ဟောင်ကောင်ဒေသခံအများစုရဲ့ ချမ်းသာကြွယ်ဝတဲ့ လူမှုဘဝ ၊ အခြေခံအခွင့်အရေး နဲ့ လွတ်လပ်ခွင့်တွေကို အကာအကွယ်ပေးဖို့ဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“ဟောင်ကောင်ဟာ လွတ်လပ်ပြီး မတူကွဲပြားတဲ့ လူမှုအသိုက်အဝန်းတစ်ခုပါ ။ မတူညီတဲ့အမြင်တွေကို ကျွန်မတို့လေးစားသလို ဘုံသဘောတူညီချက်ရဖို့လည်း ကြိုးပမ်းလုပ်ဆောင်ပါတယ် ။ ဒါပေမယ့် “တစ်နိုင်ငံ”စည်းမျဉ်းဟာ ညှိနှိုင်းလို့ မရသလို ဖြန်ဖြေလို့မရနိုင်ပါဘူး။ “တစ်နိုင်ငံ ၊စနစ်နှစ်မျိုး” မရှိဘဲနဲ့ ကျွန်မတို့ဟာ လှုပ်ရှားနေတဲ့ ကြမ်းပြင်ပေါ်မှာ ရပ်ရပါလိမ့်မယ် ။  ဟောင်ကောင်ရဲ့ တည်ငြိမ်ရေး နဲ့ အကျိုးစီးပွားအတွက် အန္တရာယ်ရှိတာပေါ့ ” ဟု လမ်းက ဆိုသည်။

ထိုကဲ့သို့သော နိုင်ငံခြားအစိုးရများ သို့မဟုတ် နိုင်ငံရေးသမားများအနေဖြင့် ဥပဒေပြဌာန်းမှုအပေါ် တိုးမြှင့် ကန့်ကွက်နေခြင်းသည် ၎င်းတို့အနေဖြင့် စံနှုန်းနှစ်မျိုး ကျင့်သုံးနေခြင်းသာဖြစ်ကြောင်း ကယ်ရီလမ်းက လူ့အခွင့်အရေးကောင်စီသို့ပြောကြားခဲ့သည်။

“ အဲဒီနိုင်ငံအားလုံးက ကိုယ့်နိုင်ငံ ကိုယ့်နေရာမှာ အမျိုးသားလုံးခြုံရေးဥပဒေပြဌာန်းနေတဲ့ တရုတ်နိုင်ငံကို လက်ညှိုးထိုးနေကြတယ် ၊ တရုတ်နိုင်ငံဟာ သူ့ရဲ့နိုင်ငံသားအားလုံးနဲ့ အချုပ်အခြာပိုင်နက်ကို ဘက်ပေါင်းစုံက ကာကွယ်ဖို့ အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းတာကို ဘာကြောင့် တရုတ်နိုင်ငံကိုလာပြီး တားမြစ်ပိတ်ပင်နေသလဲ ၊ ကျိုးကြောင်ဆီလျှော်မှု မရှိတာကို ကျွန်မတို့ တွေးကြည့်လို့ရပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

“တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” နှင့် အမျိုးသားလုံခြုံရေးဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ကယ်ရီလမ်းက  ရှင်းလင်းပြောကြားခဲ့ပြီး ဟောင်ကောင်အနေဖြင့် ပြီးခဲ့သော ဇွန်လမှ စတင်ကာ နိုင်ငံရေးမုန်တိုင်းထန်ခဲ့ကြောင်း နှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် ခိုင်ခိုင်မာမာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ကျွန်မ နဲ့ ဟောင်ကောင် SAR အစိုးရဟာ ကျွန်မတို့ခွန်အားတွေ ကြီးမားအောင် ၊ ကျွန်မတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဟောင်ကောင်ပြည်သူတွေအတွက် ပိုမိုတောက်ပတဲ့ အကျိုးစီးပွားတွေ ဆောင်ကြဉ်းနိုင်အောင် အခွင့်အလမ်းတွေကို ယူဆောင်ပေးသွားဖို့ သန္နိဌာန်ချထားပါတယ် ” ဟု လမ်းက မှတ်ချက်ပြုပြောကြားခဲ့သည်။  (Xinhua)