ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ပန်းဆက်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်းရေယာဉ်တစ်စီးနစ်မြုပ်ပြီး ရေယာဉ်ပေါ်ပါ လူ ၁၂ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (စက်တင်ဘာ ၂၀ ရက်) တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။ အဆိုပါ နစ်မြုပ်သွားသော...
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ယခုကာလသည် မြစ်ရေနည်းချိန်ဖြစ်သောကြောင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာနအနေဖြင့် ချင်းတွင်းမြစ်အတွင်းပြေးဆွဲလျက်ရှိသော သင်္ဘောခရီးစဉ်များအား လက်ရှိကာလတွင်ရပ်နားထားကြောင်း၊ ဧရာဝတီမြစ်အတွင်းခရီးစဉ် အနေဖြင့် ကုန်ပစ္စည်းများအတွက် မန္တလေး-ဗန်းမော်ခရီးစဉ်အားပြေးဆွဲပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန၊ ရေကြောင်းဌာနမှူးချုပ် ဦးမြင့်သန်းထွန်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၈ ရက်တွင်ပြောသည်။
ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကျင်းပသည့် ချင်းတွင်းသြင်္ကန်သို့ လာရောက်သည့် လူ ၄၀ဦးခန့်တင်ဆောင်လာသော စက်လှေတစ်စီးသည် ယနေ့ နံနက် ၁၀နာရီခွဲတွင် ချင်းတွင်းမြစ်အလယ်တွင် နစ်မြုပ်တိမ်းမှောက်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ကြီး၏ ရေအရည်အသွေး တိုင်းတာစစ်ဆေးမှုများနှင့် ပတ်သက်ပြီး ပိုမိုတိကျခိုင်မာသည့် အချက်အလက်များ ရရှိစေရေး တစ်နှစ်ထပ်မံ၍ သုတေသနလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။