Connect with us

Environment, Disasters & Accidents

ချင်းတွင်းမြစ်အလယ်၌ လူ ၄၀ခန့်ပါ စက်တပ်ရေယာဉ်တိမ်းမှောက်

ချင်းတွင်းသင်္ကြန်ကမ်းခြေဇုံတွင် ရေကစားနေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-ချင်းတွင်းသင်္ကြန်)

ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကျင်းပသည့် ချင်းတွင်းသြင်္ကန်သို့ လာရောက်သည့် လူ ၄၀ဦးခန့်တင်ဆောင်လာသော စက်လှေတစ်စီးသည် ယနေ့ နံနက် ၁၀နာရီခွဲတွင် ချင်းတွင်းမြစ်အလယ်တွင် နစ်မြုပ်တိမ်းမှောက်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ စက်တပ်ရေယာဉ်(သစ်သားလှေ)သည် ချင်းတွင်းမြစ်အလယ်အရောက် အလေးချိန်များပြီး စက်လှေဝမ်းဗိုက်အတွင်းသို့ ရေဝင်ကာနစ်မြုပ်ခဲ့ကြောင်း၊ ယင်းနစ်မြုပ်သည့် စက်လှေအား ကယ်ဆယ်ရေး ပြုလုပ်ရာတွင် ၃၅ ဦး ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ယင်း ကယ်တင်နိုင်ခဲ့သည့် လူများထဲမှ ၆ဦးသည် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သဖြင့် မုံရွာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါ ဆေးရုံပို့ဆောင်သည့် သူများထဲမှ ဆားလင်းကြီးမြို့နေ အသက် ၅၅နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ကြောင်း ၊အဆိုပါ စက်တပ်ရေယာဉ် တိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသူများအား ဆက်လက်ရှာဖွေနေကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117