Connect with us

Environment, Disasters & Accidents

ချင်းတွင်းမြစ်အတွင်း၌ ရေယာဉ်တစ်စီး နစ်မြုပ်ပြီး လူ ၁၂ ဦးပျောက်ဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေသော ရေယာဉ်များအားတွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ပန်းဆက်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်းရေယာဉ်တစ်စီးနစ်မြုပ်ပြီး ရေယာဉ်ပေါ်ပါ လူ ၁၂ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (စက်တင်ဘာ ၂၀ ရက်) တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ နစ်မြုပ်သွားသော ရေယာဉ်သည် ကုန်ပစ္စည်းများတင်၍ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း မောင်းနှင်လာသည့် ရေယာဉ်များအနက် ကြယ်မင်း(၄) ရေယာဉ်သည် စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီ ၅၅ မိနစ်တွင် မင်းကင်းမြို့ ပန်းဆက်ကျေးရွာအနီးသို့ရောက်ရှိစဉ် ရေဝဲအတွင်း ရောက်ရှိနစ်မြုပ်ခဲ့ကြောင်း သိရသည်။

ယင်း နစ်မြုပ်တိမ်းမှောက်မှုကြောင့် ရေယာဉ်ပေါ်ပါ ကုမ္ပဏီဝန်ထမ်း ၃ဦး၊ အရပ်သား ၆ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၁၂ ဦး မျောပါပျောက်ဆုံးနေကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေယာဉ်တိမ်းမှောက်မှုကြောင့် နစ်မြုပ်ပျောက်ဆုံးသူများကို ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)