Connect with us

Environment, Disasters & Accidents

ချင်းတွင်းမြစ်၏ ရေအရည်အသွေး တိုင်းတာ စစ်ဆေးမှုများ တစ်နှစ်ထပ်မံ လုပ်ဆောင်မည်

ချင်းတွင်းမြစ်အားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ကြီး၏ ရေအရည်အသွေး တိုင်းတာစစ်ဆေးမှုများနှင့် ပတ်သက်ပြီး ပိုမိုတိကျခိုင်မာသည့် အချက်အလက်များ ရရှိစေရေး တစ်နှစ်ထပ်မံ၍ သုတေသနလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ချင်းတွင်းမြစ်ဝှမ်း အစီအရင်ခံစာ ထုတ်ပြန်နိုင်ရန် အတွက် ၂၀၁၅ ခုနှစ်မ ၂ဝ၁၇ ခုနှစ်အထိ စစ်တမ်းများ ကောက်ယူခဲ့ပြီးဖြစ်ကြောင်း၊၂ဝ၁၈ခုနှစ်တွင်လည်း ချင်းတွင်းမြစ်၏ အရည်အသွေးစစ်ဆေးသည့် လုပ်ငန်းအား ဆက်ပြီးလုပ်ဆောင်နေကြောင်း သိရသည်။

ရေအရည်အသွေးနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများကို ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ လုပ်ဆောင်ခဲ့ပြီး စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာအား (၂ဝ၁၈)ခုနှစ်နှစ်ဆန်းပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံတင်ပြရန် စီစဉ်ထားသော်လည်း ရေအရည်အသွေးနှင့်ပတ်သက်ပြီး ပိုမိုခိုင်မာတိကျမှုရှိစေသည့် သုတေသနပြုချက်များရရှိစေရန် တစ်နှစ်ထပ်မံတိုး၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117