ရှင်းထိုင် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) အသက် ၃၉ နှစ် အရွယ်ရှိသူ ချန်ဆောက်ဟွေး(Chen Shaohui)သည် ပျားမွေးမြူရေးလုပ်ငန်းကို အသက် ၁၆ နှစ် အရွယ်တွင် စတင်ထိတွေ့လုပ်ကိုင်ခဲ့ပြီး ယခုအခါတွင် နာမည်ကြီး ပျားမွေးမြူရေး ကျွမ်းကျင်သူ တစ်ဦး ဖြစ်လာခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဓာတ်အားလိုင်းကော်ပိုရေးရှင်းက ဆင်းရဲနွမ်းပါးမှုမြင့်မားသော ဒေသများတွင် လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းမှာ ပြီးစီးသွားပြီဖြစ်ကြောင်း ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။
ဝူရွှမ်း ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) ၁၉၇၀ ပြည့်နှစ်တွင် မွေးဖွားခဲ့သော မသန်စွမ်း ဇနီးမောင်နှံ လုယွမ်ယုံနှင့် စစ်ကျွင်ဟွာတို့သည် တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေထိုင်ကြပြီး ၂၀၁၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စု တစ်စု အဖြစ် မှတ်ပုံတင်ခြင်းခံခဲ့ကြသည်။
ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အတွက် သီးခြားစီးပွားရေး ဖွံ့ဖြိုးမှု ရည်မှန်းချက်များမချမှတ်သော်လည်း ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အောင်နိုင်ရေးနှင့် အလယ်အလတ်အဆင့် ဘက်စုံသာယာဝပြောသည့် လူမှုအသိုင်းအဝိုင်း ပြီးပြည့်စုံစွာတည်ဆောက်ရေး အစရှိသည့် ဖွံ့ဖြိုးရေးပန်းတိုင်များ အောင်မြင်ရေးအတွက် သေသေချာချာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားဥပဒေပြုရေးအစည်းအဝေးသို့ တင်သွင်းသည့် အစိုးရ၏လုပ်ငန်းအစီရင်ခံစာအရ သိရသည်။
ဟန်ကျိုး၊ မေ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ e-commerce လုပ်ငန်းစုကြီးဖြစ်သော အလီဘာဘာ (Alibaba) က နိုင်ငံ၏ ကျေးလက်ဒေသတွင် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး လုပ်ဆောင်ရန် ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး နွေဦးစီမံကိန်း (Poverty Relief Spring Thunder Initiative) ကို မေ ၁၃ ရက်က...
ဟဲဖေး၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်ရှိ နောက်ဆုံးကျန်ရှိနေသည့် ဆင်းရဲနွမ်းပါးမှုမြင့်မားသည့် နယ်မြေအဆင့်ဒေသ ၉ ခုသည် နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုနယ်မြေများ စာရင်းမှ ဖယ်ရှားလိုက်ကြောင်း ပြည်နယ်အစိုးရက ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
ရှီးအန်း ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)
ကျိန့်ကျိုး၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်ရှိ နောက်ထပ် နယ်မြေ ၁၄ ခုအား နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု နယ်မြေများ စာရင်းမှ ဖယ်ရှားနိုင်ခဲ့ပြီဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ဟူချွမ်းဟွာက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတိုက်ပွဲ အောင်နိုင်ရေးအတွက် အားလုံး ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ရန် တိုက်တွန်းပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၁၉ခုနှစ်တွင် ၎င်း၏ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူ ဦးရေအား ၁၀သန်းကျော်အထိ လျှော့ချသွားမည်ဟု ကတိကဝတ်ပြုခဲ့ကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေး မတိုင်မီ မတ် ၅ ရက် တွင် သတင်းမီဒီယာ၌ ဖော်ပြသော အစိုးရ၏ အလုပ်အစီရင်ခံစာတစ်ခုအရ သိရသည်။