Connect with us

Economy

ပျားမွေးမြူရေးလုပ်ငန်းက ဟဲပေပြည်နယ်ရှိ အိမ်ထောင်စုများစွာကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင် ကူညီပေးလျက်ရှိ

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် Nantou ကျေးရွာ၌ ပျားအုံးအခြေအနေကို စစ်ဆေးနေသော ချန်ဆောက်ဟွေးနှင့် စုပေါင်းပျားမွေးမြူရေးလုပ်ငန်းမှ အဖွဲ့ဝင် တစ်ဦးအား ဇူလိုင် ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရှင်းထိုင် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) 

အသက် ၃၉ နှစ် အရွယ်ရှိသူ ချန်ဆောက်ဟွေး(Chen Shaohui)သည် ပျားမွေးမြူရေးလုပ်ငန်းကို အသက် ၁၆ နှစ် အရွယ်တွင် စတင်ထိတွေ့လုပ်ကိုင်ခဲ့ပြီး ယခုအခါတွင် နာမည်ကြီး ပျားမွေးမြူရေး ကျွမ်းကျင်သူ တစ်ဦး ဖြစ်လာခဲ့သည်။ 

၂၀၀၉ ခုနှစ်တွင် ချန်သည် စုပေါင်းပျားမွေးမြူရေးလုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့ပြီး ၎င်းက ရွာသားများကို ပျားမွေးမြူရေး အတတ်ပညာများကို သင်ကြားပေးခဲ့သလို အာမခံဈေးနှုန်းစနစ်တစ်ခုဖြင့် ရွာသားများထံမှ ပျားရည်များကို ဝယ်ယူခဲ့သည်။

ပျားရည်ကို စစ်ဆေးနေသော ချန်ဆောက်ဟွေးအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် Nantou ကျေးရွာ၌ ချန်ဆောက်ဟွေး နှင့် စုပေါင်းပျားမွေးမြူရေးလုပ်ငန်းမှ အဖွဲ့ဝင် တစ်ဦးတို့က ပျားများ နေထိုင်ရန် ပျားအုံများ ပြုလုပ်ဖန်တီးပေးနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

 တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် Nantou ကျေးရွာ၌ ချန်ဆောက်ဟွေး နှင့် စုပေါင်းပျားမွေးမြူရေးလုပ်ငန်းမှ အဖွဲ့ဝင် တစ်ဦးတို့က ပျားထုတ်ကုန်များကို ရောင်းချမှုကို တိုက်ရိုက်ထုတ်လွှင့်မှုမှတဆင့် ပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် Nantou ကျေးရွာ၌ ပျားများကို စစ်ဆေးကြည့်ရှုနေသော ချန်ဆောက်ဟွေးအား ဇူလိုင် ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် Nantou ကျေးရွာ၌ စုပေါင်းပျားမွေးမြူရေးလုပ်ငန်းမှ အဖွဲ့ဝင် တစ်ဦးနှင့် စကားပြောဆိုနေသော ချန်ဆောက်ဟွေးအား တွေ့ရစဉ်(ဆင်ဟွာ) 

 ပျားအုံထဲသို့ ပျားများ ထည့်သွင်းနေသော ချန်ဆောက်ဟွေးအား တွေ့ရစဉ်(ဆင်ဟွာ) 

အခြားတစ်ဘက်တွင် ချန်သည် အပြုသဘောဆောင်သော ဈေးကွက်တုံ့ပြန်မှု နှင့်အတူ အွန်လိုင်း နှင့် ပြင်ပ နှစ်ခုလုံးတွင် ရောင်းချနိုင်မည့် ပျားထုတ်ကုန်ရောင်းချမှုလမ်းကြောင်းများကို ချဲ့ထွင်ရန် ကြိုးစားအားထုတ်ခဲ့သည်။ ချန်၏ အကူအညီဖြင့် အိမ်ထောင်စုပေါင်း ၂၀ ကျော်ကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)