ပေကျင်း ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းသည် ပြီးခဲ့သည့်နှစ် ၂၀၂၁ ခုနှစ် ၁၁ လအတွင်း ဆက်တိုက်တိုးတက်မှုမပြတ် ဖြစ်ပေါ်ခဲ့ပြီး ထုတ်လုပ်မှု ၊ ဝင်ငွေ နှင့် အကျိုးအမြတ်များ တိုးပွားလာကြောင်း တရားဝင်အချက်အလက်များတွင် ဖော်ပြခဲ့သည်။
ပေကျင်း ၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက တရုတ်နိုင်ငံသည် ပေကျင်းဆောင်းရာသီအိုလံပစ်အတွက် အမေရိကန် အစိုးရတာဝန်ရှိသူအချို့အား ဗီဇာများ ခွင့်ပြုပေးခဲ့ကြောင်း ဇန်နဝါရီ ၁၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက နေ့စဉ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဆက်စပ်မေးခွန်းတစ်ခုအား ပြန်လည်ဖြေကြားရာတွင်...
ဖူကျိုး ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် Quanzhou မြို့မှ ကုန်ပစ္စည်း ၄၄၅ တန် သယ်ဆောင်ထားသည့် ကုန်တင်ရထားသစ်တစ်စီးသည် ဇန်နဝါရီ ၁၈ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ဦးတည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက တရုတ်နိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ၎င်းတို့၏ ချစ်ကြည်ရင်းနှီးမှုအား ထိန်းသိမ်းကာ အနှောင့်အယှက်အဟန့်အတားများအား ဖယ်ရှားပြီး နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားသင့်ကြောင်း နှင့် နှစ်နိုင်ငံဆက်ဆံရေးအတွက် ပိုမိုကောင်းမွန်သည့်အနာဂတ်တစ်ခုအား အတူတကွဖွင့်လှစ်သင့်ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ကွမ်ကျိုး ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) အေဒင်ပင်လယ်ကွေ့ နှင့် ဆိုမာလီကမ်းလွန်ပင်လယ်ပြင်တို့၌ အစောင့်အရှောက်တာဝန် ထမ်းဆောင်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) ရေတပ်၏ အကြိမ် ၄၀ မြောက် သင်္ဘောအုပ်စုသည် ဇန်နဝါရီ ၁၅ ရက်တွင် နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျန့်ကျန်းမြို့ရှိ စစ်ဘက်ဆိုင်ရာဆိပ်ကမ်းတစ်ခုမှ စတင်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။...
ပေကျင်း ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ မကြာသေးမီက COVID-19 ရောဂါပြန်လည်ဖြစ်ပွားခြင်းသည် ယေဘုယျအားဖြင့် တည်ငြိမ်သွားပြီ ဖြစ်ကာ နိုင်ငံ၏ ဒေသအချို့တွင် ရောဂါဖြစ်ပွားမှုများကို အချိန်နှင့်တစ်ပြေးညီ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ယခုအခါ အဓိကအားဖြင့်...
မော်စကို ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) ပြည်ပနိုင်ငံများ၌ တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် ဗိုလ်ကျစိုးမိုးရန် အားထုတ်ကြံရွယ်ခြင်းမဟုတ်ကြောင်း ၊ သို့သော် ပြောင်းလဲနေသည့်ကမ္ဘာကြီးတွင် တိုးတက်ဖြစ်ထွန်းမှုလမ်းကြောင်းအား ဆုပ်ကိုင်ခြင်းကို ထိန်းသိမ်းရန်အတွက်ဖြစ်ကြောင်း ဗြိတိန်စာရေးဆရာ နှင့် လေ့လာသုံးသပ်သူ Tom Fowdy က ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်းတွင် ၎င်း၏...
ဒါကာ ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသည် မြို့တော် ဒါကာမြို့၏ အရှေ့ဘက်ပိုင်းရှိ အဓိကလမ်းကြောင်းတစ်ခုအား လေးလမ်းသွား အမြန်လမ်းအဖြစ် ပြောင်းလဲရန် တရုတ်ကုမ္ပဏီလုပ်ငန်းအဖွဲ့ တစ်ဖွဲ့ နှင့် ဇန်နဝါရီ ၉ ရက်တွင် စာချုပ်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းလမ်း နှင့်...
ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွဆက်လက်ထိန်းသိမ်းသွားပြီး နယ်စပ်ဒေသ လူမှုစီးပွားနှင့်ပြည်သူလူနေမှုဘဝတိုးတက်ရေးကို မြှင့်တင်သွားလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လှူဒါန်းငွေပေးအပ်သည့်အခမ်းအနားကို နေပြည်တော်၌ ကျင်းပစဉ် ထိုသို့ ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။...
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက ပေးအပ်လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်းအား မြန်မာနိုင်ငံရှိ မြန်မာ-တရုတ် နယ်စပ်မြို့(၅)မြို့သို့ ဇန်နဝါရီ ၁၂ ရက်တွင် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။