Connect with us

Media

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ပူးတွဲစမ်းသပ်စစ်ဆေးမှုများ စတင်

ဂျကာတာ ၊ မေ ၂၄ ရက်(ဆင်ဟွာ)

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း(HSR) ပူးတွဲစမ်းသပ်စစ်ဆေးမှုများအား မေ ၂၂ ရက်က စတင် ပြုလုပ်ခဲ့ပြီး ရထားလမ်းစီမံကိန်းတည်ဆောက်မှုတွင် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။

ပူးတွဲစမ်းသပ်စစ်ဆေးမှုများသည် ရထားတွဲများ လုံခြုံဘေးကင်းစွာ လည်ပတ်နိုင်ရေးအတွက် မြန်နှုန်းမြင့် ရထားလမ်း ဖွင့်လှစ်ခြင်းမပြုမီ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လမ်းအောက်ခံမြေလွှာ ၊ တံတားများ ၊ မြေအောက်မြောင်းများ နှင့် ဥမင်လိုဏ်ခေါင်းများ ကဲ့သို့သော မြို့ပြအင်ဂျင်နီယာလုပ်ငန်းများအားလုံး ပြီးစီးသွားပြီ ဖြစ်သည်။ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။
ပူးတွဲစမ်းသပ်စစ်ဆေးမှုလုပ်ငန်းများ ပြီးဆုံးပါက စမ်းသပ် လည်ပတ်ခြင်းနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ အကဲဖြတ်ခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါအဆင့်အလိုက်လုပ်ငန်းဆောင်တာများပြီးဆုံးပါက ရထားလမ်းအား တရားဝင်ဖွင့်လှစ်အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက အဆိုပြုခဲ့သည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်အောက်ရှိ အထင်ကရစီမံကိန်းတစ်ခု ဖြစ်သော မြန်နှုန်းမြင့် ရထားလမ်းသည် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ နှင့် ဘန်ဒေါင်းမြို့တို့အား ချိတ်ဆက်ထားကြောင်း သိရသည်။

အမြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ နှုန်းရှိသည့် ရထားလမ်းသည် ၁၄၂.၃ ကီလိုမီတာ ရှည်ပြီး ဂျကာတာမြို့ နှင့် ဘန်ဒေါင်းမြို့အကြား ခရီးသွားလာမှုကြာမြင့်ချိန်ကို သုံးနာရီကျော်မှ ၄၀ မိနစ်ဝန်းကျင်သို့ လျော့ချပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Joint commissioning, testing of Jakarta-Bandung High-Speed Railway starts
The joint commissioning and testing of the Jakarta-Bandung High-Speed Railway (HSR) started on Monday, marking a milestone in the construction of the railway project.
The joint commissioning and testing is conducted prior to the opening of the high-speed railway to ensure safe and smooth operation of the trainsets.
Currently, all civil engineering works such as roadbeds, bridges, culverts, and tunnels have been completed. Preparations for operation are being carried out in an orderly manner.
After the completion of the joint commissioning and testing, further running trials and safety assessments will be conducted before the official commencement of operation.
The high-speed line, a landmark project under the China-proposed Belt and Road Initiative, connects Indonesia’s capital Jakarta and another major city Bandung.
With a design speed of 350 km per hour, the railway spanning 142.3 km will cut the journey between Jakarta and Bandung from over three hours to around 40 minutes.

Xinhua News Agency correspondents reporting from Jakarta.
(XHTV)