ပေကျင်း၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် (၇၆)ကြိမ်မြောက် ကမ္ဘာကုလသမဂ္ဂညီလာခံသို့ စက်တင်ဘာ ၂၁ ရက်က ပေကျင်းမြို့မှ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ပြီး “ခိုင်မာသည့် ယုံကြည်ချက်ဖြင့် လက်ရှိအခက်အခဲအကျပ်အတည်းများကို ယှဉ်တွဲကျော်ဖြတ်ကာ ပို၍သာယာလှပသည့်ကမ္ဘာကြီးအား အတူတည်ဆောက်ကြမည်”ဟူသည့် ခေါင်းစဉ်ဖြင့် အရေးကြီးမိန့်ခွန်း ပြောကြားခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာသို့ COVID-19 ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေးများ နှင့် နိုင်ငံတကာအကူအညီများ ပိုမိုထောက်ပံ့သွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများအား ကျူးကျော်ဝင်ရောက်ခြင်း သို့မဟုတ် အနိုင်ကျင့်ခြင်း သို့မဟုတ် ဗိုလ်ကျစိုးမိုးခြင်းကို မည်သည့်အခါမျှ လုပ်ဆောင်ခဲ့ခြင်း မရှိသလို မည်သည့်အခါမျှလည်း လုပ်ဆောင်သွားလိမ့်မည်မဟုတ်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ လူဦးရေ ၁၆ သန်း၏ ၇၅ ဒသမ ၃ ရာခိုင်နှုန်း သို့မဟုတ် လူပေါင်း ၁၂ ဒသမ ၀၅ သန်းသည် အနည်းဆုံး COVID-19 ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံထားပြီး မဝေးတော့သည့် အနာဂတ်ကာလတွင်...
ကိုပင်ဟေဂင် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များအတွက် တရုတ်နိုင်ငံအစိုးရမှ လှူဒါန်းသော Sinopharm COVID-19 ကာကွယ်ဆေးများ သည် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့သို့ စက်တင်ဘာ ၂၀ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းပေးအပ်သည့် အခမ်းအနားအား စက်တင်ဘာ ၁၇ ရက်တွင်...
ပေကျင်း ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် စက်တင်ဘာ ၁၅ ရက်အထိ လူပေါင်း ၁ ဘီလီယံကျော်သည် COVID-19 ရောဂါတိုက်ဖျက်ရေး အတွက် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးစီးသွားပြီ ဖြစ်ကြောင်း စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက ကမ္ဘာ့နိုင်ငံအများစုကို ကာကွယ်ဆေး မထိုးပေးသော်လည်း တရုတ်နိုင်ငံက ထိုးပေးနိုင်ကြောင်း အမေရိကန် သတင်းဝက်ဆိုဒ် Axios news က စက်တင်ဘာ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။
ကျန်းကျိုး ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်တပ်မတော်က စီစဉ်ကျင်းပသည့် “ကံကြမ္မာအကျိုးတူဖော်ဆောင်ခြင်း-၂၀၂၁” ဟု အမည်ရသော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု စစ်ရေးလေ့ကျင့်ခြင်းသည် စက်တင်ဘာ ၁၅ ရက်တွင် တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် Queshan ကောင်တီရှိ လေ့ကျင့်ရေးစခန်း၌ ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။
နန်နင်း၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) (၁၈)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၁၀ ရက်မှစ၍ (၄)ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန်တည်ဆောက်ခြင်း၊ တရုတ်နိုင်ငံနှင့်အာဆီယံ အပြန်အလှန်အားဖြင့် အကြီးဆုံးကုန်သွယ်ဖက်ဖြစ်လာခြင်း၊ ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု(RCEP)အား တရားဝင် သဘောတူလက်မှတ်ထိုးနိုင်ခြင်းတို့နှင့်အတူ (၁၈)နှစ်ကာလအတွင်း ဝန်ဆောင်မှုလွတ်လပ်သောကုန်သွယ်ရေးဇုန်မှ အဆင့်မြင့်တည်ဆောက်ရေးအတွက် အထောက်အပံ့ဖြစ်လာခဲ့သည်။...
နန်နင်း ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းမြို့၌ ကျင်းပပြုလုပ်သည့် ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နှင့် တစ်ပြိုင်တည်း ပြုလုပ်သော တရုတ်-အာဆီယံ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးတို့သည် စက်တင်ဘာ ၁၃...