Connect with us

Media

တရုတ်နိုင်ငံက ဥရောပသို့ ၅၀ မီတာရှည်သော သံမဏိရထားသံလမ်းများ ပထမဆုံးတင်ပို့

ထျန်းကျင်း ၊ မတ် ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ၅၀ မီတာရှည်သည့် သံမဏိရထားသံလမ်း တန်ချိန် ၆,၅၀၀ ရှိသော ပထမအသုတ်သည် တရုတ်နိုင်ငံ ထျန်းကျန်းဆိပ်ကမ်းမှ ဆားဘီးယားနိုင်ငံသို့ မတ် ၂၁ ရက်တွင် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ယင်းမှာ ၅၀ မီတာအရှည်ရှိသည့် သံမဏိရထားသံလမ်းများအား တရုတ်နိုင်ငံမှ ဥရောပနိုင်ငံသို့ တင်ပို့ခြင်းသည် ပထမဆုံး ဖြစ်ကြောင်း သိရသည်။
ဟန်ဂေရီ-ဆားဘီးယား ရထားလမ်း ဖောက်လုပ်ရေးအတွက် ပံ့ပိုးရန် ရထားသံလမ်း စုစုပေါင်းတန်ချိန် ၂၂,၀၀၀ အား တင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ဟန်ဂေရီ-ဆားဘီးယား ရထားလမ်းသည် ၃၅၀ ကီလိုမီတာ ရှည်လျားပြီး အမြင့်ဆုံး အမြန်နှုန်း အနေဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ ပြေးဆွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းမှာ တရုတ်နိုင်ငံက အဆိုပြုထားသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်အောက်ရှိ အထင်ကရစီမံကိန်းတစ်ခု ဖြစ်ပြီး တရုတ်နိုင်ငံ နှင့် ဥရောပ အလယ်ပိုင်း ၊ အရှေ့ပိုင်း နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာခြင်း၏ ရလဒ် ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………..
(English Version)
China sees first export of 50-meter steel rails to Europe
The first batch of 6,500 tonnes of 50-meter steel rails produced in China left China’s Tianjin Port for Serbia on Tuesday.
It was the first time that 50-meter steel rails were exported from China to Europe.
A total of 22,000 tonnes of rails will be shipped to support the construction of the Hungary-Serbia Railway.
The Hungary-Serbia Railway is 350 km long, with a designed maximum speed of 200 km per hour.
It’s a flagship project under the China-proposed Belt and Road Initiative, and a result of the deepening of the cooperation between China and Central and Eastern European Countries (CEECs).
Xinhua News Agency correspondents reporting from Tianjin, China.
(XHTV)