Connect with us

Videos

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်က ကာဇက်စတန်နိုင်ငံသို့ ကုန်တင်ရထားဝန်ဆောင်မှု ဖွင့်လှစ်

ကန်းစု ၊ မတ် ၂၇ ရက်(ဆင်ဟွာ)တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် Dingxi မြို့မှ ကာဇက်စတန်နိုင်ငံ Kostanay မြို့သို့ မော်တော်ကားအပိုပစ္စည်းများ နှင့် အဝတ်အထည်များကဲ့သို့သော ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ကုန်တင်ရထားတစ်စင်းသည် မတ် ၂၅ ရက်တွင် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ယင်းမှာ Dingxi မြို့အနေဖြင့် အာရှအလယ်ပိုင်းနိုင်ငံတစ်ခုသို့ ပထမဆုံး နိုင်ငံတကာ ကုန်ပစ္စည်း တင်ပို့သော ဝန်ဆောင်မှု စတင်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး တန်ဖိုးရှိသော ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ရထားသည် ကာဇက်စတန်နိုင်ငံ Kostanay မြို့သို့ ၉ ရက်အကြာတွင် ရောက်ရှိမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

——————–

NW China’s Gansu opens freight train service to Kazakhstan
A cargo train carrying goods such as auto spare parts and clothing departed for Kazakhstan’s Kostanay on Saturday from Dingxi City, northwest China’s Gansu Province.
It marks the first international freight service launched in Dingxi to a Central Asian country.
The train, with a cargo value of nearly 3 million U.S. dollars, is expected to arrive in Kostanay in 9 days.
Xinhua News Agency correspondents reporting from Dingxi, China.(XHTV)