ပေကျင်း၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိ၏ ဖိတ်ကြားမှုအရ တီမောလက်စတီ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မာရီယာဖာနန်ဒါလေး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် တရုတ်နိုင်ငံသို့ စက်တင်ဘာ ၂ ရက်မှ ၇ ရက်အထိ ၅ ရက်ကြာ အလည်အပတ်ခရီး လာရောက်မည်ဖြစ်ကြောင်း သိရသည်။...
ထျန်းကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့နှင့် နီးကပ်သော ထျန်းကျင်းမြို့သည် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပလျက်ရှိသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပရန် ပြင်ဆင်လျက်ရှိသည်။ အဆိုပါ အစည်းအဝေးသည် တရုတ်နိုင်ငံက SCO အလှည့်ကျဥက္ကဋ္ဌအဖြစ်...
ထျန်းကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ဧည့်ဂေဟာ၌ တရုတ်နိုင်ငံသို့လာရောက်၍ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း...
ဝူးလူမုချီ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် ဝူးလူမုချီမာရသွန်အပြေးပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ အပြေးသမား Li Zhengyue နှင့် ကင်ညာနိုင်ငံမှ အပြေးသမား ဖိလစ် ကီရော့ ဂျက်ကော့စ်ဂီတို့က အမျိုးသားမာရသွန်အပြေးပြိုင်ပွဲနှင့် အမျိုးသမီးမာရသွန်အပြေးပြိုင်ပွဲတို့၌ ဩဂုတ် ၃၁ ရက်က အောင်ပွဲများ အသီးသီးဆွတ်ခူးသွားခဲ့ကြကြောင်း သိရသည်။...
ပေကျင်း၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ပေကျင်း၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲအောင်နိုင်ခြင်းနှင့် ကမ္ဘာကြီးက ဖက်ဆစ်ဆန့်ကျင်ရေး အောင်ပွဲအထိမ်းအမှတ် နှစ်ပတ်လည်အခမ်းအနားများဆိုင်ရာ သတင်းစာရှင်းလင်းပွဲ သုံးပွဲအနက် နောက်ဆုံးပွဲကို သြဂုတ် ၃၁ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ သြဂုတ် ၃၁ ရက် နံနက် ၁၀း၀၀ နာရီတွင်...
ထျန်းကျင်း၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ လာရောက်၍ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားသို့ တက်ရောက်သော မြန်မာနိုင်ငံ ယာယီ...
ပေကျင်း၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့လယ်ရှိ ခမ်းနားထည်ဝါသည့် ပြည်သူ့ခန်းမဆောင်ရှိ ဖူကျန့်ခန်းမ၌ သမ္မတ ရှီကျင့်ဖိန်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ၏ ထိပ်တန်းသံတမန်များနှင့် အမြဲတမ်းအခြေစိုက်အဖွဲ့အစည်းများ၏ တာဝန်ရှိသူများကို ဇူလိုင် ၁၅ ရက်က လက်ခံတွေ့ဆုံခဲ့သည်။ “တရုတ်နိုင်ငံက အိမ်နီးချင်းနိုင်ငံများသံတမန်ရေးမှာ SCO ကို...
မော်စကို၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ပူတင်သည် တရုတ်နိုင်ငံသို့ သွားရောက်၍ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထျန်းကျင်း ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား မတက်ရောက်မီ ဆင်ဟွာသတင်းထောက်၏...
ပေကျင်း၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးမှ ပေထုံတန်အား ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားသည့် စီရင်ချက်အပေါ် သတင်းထောက်မေးမြန်းမှုအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဩဂုတ် ၃၀ ရက်တွင် ဖြေကြားခဲ့သည်။ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးသည် ဩဂုတ် ၂၉ ရက်တွင် ထိုင်းနိုင်ငံ...