ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် (BRI) အောက်တွင် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်မှုလုပ်ထုံးလုပ်နည်းများ ထူထောင်ထားရှိကြောင်း နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ အောက်တိုဘာ ၈ ရက်၌ ထုတ်ပြန်သည့် စက္ကူဖြူစာတမ်း၌ ဖော်ပြထားသည်။
ပေကျင်း ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ အမျိုးသားနေ့အားလပ်ရက် (ခုနှစ်ရက်တာ) ကာလအတွင်း ပြည်တွင်းခရီးသွား စုစုပေါင်း ၅၁၅ သန်းအထိ ရှိခဲ့ကြောင်း ယဉ်ကျေးမှု နှင့် ခရီးသွား ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အရ သိရသည်။
ဂျကာတာ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဆေးဝါးနှင့် အစားအသောက်အာဏာပိုင် BPOM က တရုတ်နိုင်ငံ Anhui Zhifei Longcom ဇီဝဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သော Zifivax COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုခွင့် ထုတ်ပေးခဲ့ကြောင်း အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
ဗီယင်ကျန်း၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) China Railway Construction Engineering Groupမှ တာဝန်ယူတည်ဆောက်သည့် တရုတ်-လာအို ရထားလမ်း ဗီယင်ကျန်းဘူတာကြီးသည် အောက်တိုဘာ ၆ ရက်က မျက်နှာစာကန့်လန့်ကာနံရံ၏နောက်ဆုံးမှန်တစ်ချပ် တပ်ဆင်နိုင်ခြင်းနှင့်အတူ ဘူတာကြီးတစ်ခုလုံး ရုပ်လုံးပေါ် ပြသနိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ တရုတ်-လာအိုရထားလမ်း တစ်ခုလုံးဖွင့်လှစ်ရေးအတွက် အရေးကြီးသည့်...
ကျိုချွမ်၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) Shenzhou-13အာကာသယာဉ်အား ယခုကာလအတွင်း လွှတ်တင်မည်ဖြစ်ရာ ယာဉ်နှင့်ဒုံးပျံအတွဲလိုက်အား လွှတ်တင်ရေးနေရာသို့ အောက်တိုဘာ ၇ ရက်တွင် ရွှေ့ပြောင်းထားကြောင်း သိရသည်။
ဇူးရစ်ချ်၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ယန်ကျဲ့ချီနှင့် အမေရိကန်သမ္မတ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်(Jake Sullivan)တို့သည် အောက်တိုဘာ ၆ ရက်က ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထန့်စော၁၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ကိုယ်တိုင်တီထွင်ထုတ်လုပ်ထားသည့် အဏ္ဏဝါရေနက်ပိုင်းသုံး လူတင်ရေငုပ်ယာဉ် Fendouzhe (Striver)ကို ယခုရက်ပိုင်း Mariana သမုဒ္ဒရာချောက်၌ပုံမှန် သိပ္ပံသုတေသန စူးစမ်းလေ့လာမှုများတွင် တရားဝင် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
ဒါကာ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အထင်ကြီးဖွယ်ဖြစ်ပြီး ကမ္ဘာကြီးအတွက် လိုက်နာရန် စံပြဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီမံကိန်းဝန်ကြီး MA Mannan က ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၄ ရက်က အွန်လိုင်းဟောပြောပွဲ၌...
ပေကျင်း၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်းကုန်သွယ်ရေးသည် ယခုနှစ် ပထမ ၈ လအတွင်း ယမန်နှစ်ကထက် ၉.၄ ရာခိုင်နှုန်း သို့မဟုတ် ယွမ် ၃.၂၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၀၄.၂၁ ဘီလီယံခန့်) မြင့်တက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) က...
ပေကျင်း ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေးအင်အားစုများကို ထောက်ခံနေခြင်းအား ရပ်တံ့သင့်ကြောင်း နှင့် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ခိုင်မာသော ဆောင်ရွက်မှုများလုပ်ဆောင်သွားသင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ...