ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) Chang’e-4 ၏ လပေါ်ဆင်းသက်ယာဉ်နှင့် လပေါ်သွားယာဉ်တို့သည် အအေးလွန်ကဲသောညအတွင်း အနားယူပြီးနောက် လကမ္ဘာ၏တစ်ဖက်ခြမ်းပေါ်တွင် ၁၅ ရက်မြောက်နေ့အတွက် အလုပ်များ ပြန်လည်စတင် လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။လပေါ်ဆင်းသက်ယာဉ်မှာ ဖေဖော်ဝါရီ ၁၈ ရက် ပေကျင်းစံတော်ချိန် နံနက် ၆:၅၇ နာရီတွင်လည်းကောင်း၊ လပေါ်သွားယာဉ်မှာ...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ပညာရှင်များ နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) မှ ပညာရှင်များ ပူးပေါင်းပါဝင်သော ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ခုသည် ဖေဖော်ဝါရီ ၁၇ ရက်မှစတင်ကာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး နှင့် ရောဂါကာကွယ်ရေးအတွက် ကွင်းဆင်း စစ်ဆေးမှုများ စတင်ဆောင်ရွက်ခဲ့ကြောင်း တရုတ်ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ယင်းနေ့တွင် အတည်ပြုပြောကြားခဲ့သည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်(COVID-19) လက္ခဏာများ စတင် ဖြစ်ပေါ်ခဲ့သည့် အချိန်မှစတင်၍ ရောဂါ ရှာဖွေ တွေ့ရှိသည် အထိ ကြာချိန်မှာ ပျမ်းမျှ ငါးရက် မပြည့်မီ (၄ ဒသမ ၉၅ ရက်) အတွင်း ဝေဒနာရှင်ကို ရောဂါ...
အစ္စလာမ်မာဘတ် ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) ကမ္ဘာ့ကုလသမဂ္ဂ(UN)အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တရုတ်နိုင်ငံ၏ လတ်တလောဆောင်ရွက်နေသော နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ (သို့မဟုတ်) COVID-19 ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းမှုအပေါ် အပြည့်အဝယုံကြည်မှုရှိကြောင်း ဖေဖော်ဝါရီ ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
နယူးယောက် ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) ကမ္ဘာ့ကုလသမဂ္ဂ၏ တောင်ပိုင်း-တောင်ပိုင်းပူးပေါင်းဆောင်ရွက်မှု(UNOSSC) အဖွဲ့မှ ညွှန်ကြားရေးမှူး Jorge Chediek က တရုတ်နိုင်ငံအနေဖြင့် လက်ရှိကြုံတွေ့နေရသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုကို အမြန်ဆုံးကျော်လွှားနိုင်မည်ဖြစ်ကြောင်း နှင့် ယခင်ကထက်ပိုမိုတောင့်တင်းခိုင်မာလာမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၁၅ ရက် နှောင်းပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရသူပေါင်း ၉,၄၁၉ ဦးရှိလာကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ယနေ့ဖေဖော်ဝါရီ ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကုထုံးသစ်ဖြစ်သည့် Convalescent plasma therapy ကို အသုံးပြု၍ ရောဂါပြင်းထန်သော လူနာများအား ကုသခဲ့ရာ အခြေအနေ တိုးတက်မှုရှိလာကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများအပေါ် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များက ချီးကျူးကြောင်းနှင့် ယုံကြည်မှုရှိကြောင်း ဖော်ပြခဲ့ကြသည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှုမြင့်မားသည့် နေရာများအနက် တစ်ခုဖြစ်သော ရှီဆွေနယ်မြေတွင် အချိန် ၇ ရက်အတွင်း ဆေးရုံတစ်ရုံ ပြန်လည်တည်ဆောက်ရန် လျာထားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုင်ဗယ် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်မှုအပေါ် ထောက်ခံကြောင်း BRICS အဖွဲ့ ဥက္ကဋ္ဌနိုင်ငံ၏ ကြေညာချက်အတွက် ဂုဏ်ပြုကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကိန်းစွမ်က ဖေဖော်ဝါရီ ၁၂ ရက်တွင် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။