အူရမ်ကွီ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) ရှင်းကျန်း ယူအီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် အူရမ်ကွီမြို့ရှိ အကောက်ခွန်ဗျူရိုမှ ရရှိသည့် နောက်ဆုံးကိန်းဂဏန်းအချက်အလက်များအရ ၂၀၁၇ခုနှစ်အတွင်း ယင်းဒေသနှင့် BRICS အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု တိုးတက်လာကြောင်း သိရသည်။
ခါတုမ်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိ သည် ဆူဒန်နိုင်ငံ ပထမ ဒုတိယသမ္မတ နှင့် ဝန်ကြီးချုပ် Bakri Hassan Saleh နှင့် သြဂုတ် ၂၅ ရက်တွင် တွေ့ဆုံခဲ့ပြီး...
ပေကျင်း၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ကွန်ဂိုနိုင်ငံတွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၀၀ ဦး သေဆုံးခဲ့ခြင်းအတွက် ကွန်ဂို သမ္မတထံ တရုတ် သမ္မတ ရှီကျင့်ဖိန်က ဝမ်းနည်းကြောင်း သတင်းစကား ပြောကြားလိုက်သည်။
ရှီနင် ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ဥရောပတိုက်ကို ဆက်သွယ်ပေးမည့် ရထားပို့ဆောင်ရေးဝန်ဆောင်မှု ကနဦးစတင်မှု အသစ်တစ်ရပ်အဖြစ် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ် မှ ရုရှားနိုင်ငံသို့သွားရောက်မည့် ကုန်တင်ရထားတစ်စင်းသည် သြဂုတ်လ ၂ဝ ရက်တွင် ဂိုလ်မတ်မြို ့ မှ စတင်ထွက်ခွာသွားကြောင်း သိရသည်။
ပေကျင်း ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) ၂ဝ၁၇ ခုနှစ်သည် တရုတ်နိုင်ငံအတွက် အခမ်းအနားများဖြစ် ပြည့်နှက်နေသည့် နှစ်တစ်နှစ်ဟု ဆိုရပေမည်။ လွန်ခဲ့သော ရက်သတ္တပတ်ကဆိုလျှင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်း နှစ် ၉ဝ ပြည့် အခမ်းအနားကို ကျင်းပခဲ့ပြီး မကြာမီမှာပင် တရုတ်ကွန်မြူနစ်ပါတီ(CPC)၏ ၁၉ ကြိမ်မြောက်...
ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) ရှေးနှစ်ပေါင်းများစွာကတည်းက သမိုင်းဝင် တီထွင်မှုများဖြင့် ဝင့်ကြွားခဲ့သော တရုတ်နိုင်ငံသည် ယခုအချိန်တွင်လည်း “မဟာတီထွင်မှုအသစ် လေးခု” ဖြစ်သော မြန်နှုန်းမြင့် ရထားလမ်း၊ အီလက်ထရောနစ် ငွေပေးချေမှု၊ စက်ဘီးမျှဝေသုံးစွဲမှုစနစ် နှင့် အွန်လိုင်းဈေးဝယ်မှုများဖြင့် ကမ္ဘာကြီးအားပြောင်းလဲနိုင်ကြောင်း ၎င်း၏ စွမ်းရည်ကို တစ်ဖန်ပြန်လည် ထုတ်ဖော်ပြသလိုက်ပြီဖြစ်ပါသည်။
မွန်ဂိုလီယား၊ ဇူလိုင် (၃၀) ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ဘက် မွန်ဂိုလီးယားအတွင်းပိုင်း အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ Zhurihe စစ်တပ်လေ့ကျင့်ရေးအခြေစိုက်စခန်း၌ ဇူလိုင် ၃၀ ရက် တွင် နှစ် (၉၀) ပြည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနား စတင်ကျင်းပခဲ့ကြောင်း သိရသည်။
Zhurihe ၊ ဇူလိုင် ၃ဝ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Zhurihe စစ်လေ့ကျင့်ရေးအခြေစိုက်စခန်း၌ ဇူလိုင်လ ၃ဝ ရက်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ( PLA) တည်ထောက်ခြင်း နှစ် ၉ဝ ပြည့် အခမ်းအနားအတွက် စစ်ရေးပြကြိုတင်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ စစ်ရေးပြ အကြိုလေ့ကျင့်ရေးအစီအစဉ်ကို...
ချုံချင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းမြို့တွင် မြေအောက်အနက် ၉၄ မီတာကျော် (၃၁ ထပ် အဆောက်အဦနှင့် ညီမျှသော) တွင် မြေအောက်ဘူတာရုံ တစ်ရုံ တိုးချဲ့တည်ဆောက်မည် ဖြစ်ပြီး ယင်းသည် တရုတ်နိုင်ငံ၏ မြေအောက်အနက်ဆုံး ရထားဘူတာ ဖြစ်လာမည် ဖြစ်သည်။
ဟောင်ကောင် ၊ ဇူလိုင် ၁ဝ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်တွင် ရောက်ရှိနေသည့် တရုတ်နိုင်ငံ၏ ပထမဆုံး လေယာဉ်တင်သင်္ဘောLiaoning ပေါ်သို့ အများပြည်သူများအား တက်ရောက်လေ့လာခွင့်ပြုခဲ့ကြောင်း သိရသည်။