ပေကျင်း၊ မေ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဗဟိုအစိုးရအနေဖြင့် ပြည်နယ်အဆင့် ဒေသ ၂၈ ခုနှင့် မြို့နှစ်မြို့တွင် ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်မှုလျော့ပါးသက်သာရေး လုပ်ငန်းများအတွက် ထောက်ပံ့ရန် ဗဟိုအသုံးစရိတ်မှ ယွမ် သန်း ၄၉၀ (အမေရိကန်ဒေါ်လာ ၆၈.၀၈ သန်းခန့်) လျာထားသတ်မှတ်ထားကြောင်း သိရသည်။
ချိုမိုလန်းမားတောင် အခြေစိုက်စခန်း၊ မေ ၈ ရက် (ဆင်ဟွာ) ကမ္ဘာ့အမြင့်ဆုံးတောင်၏အမြင့်ကို ပြန်လည်တိုင်းတာရေးလုပ်ငန်း ပြီးပြည့်စုံရန် ကြိုးပမ်းအားထုတ်သည့်အနေဖြင့် တရုတ်နိုင်ငံမှ မြေတိုင်းပညာရှင် ၃၀ ဦးကျော်ပါဝင်သော အဖွဲ့သည် အဆိုပါတောင်၏ ပင်လယ်ရေမျက်နှာပြင်အထက် ၆,၅၀၀ မီတာရှိ အခြေစိုက်စခန်းသို့ မေလ ၇ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် COVID-19 တိုက်ဖျက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာထားသော နိုင်ငံတကာပူးတွဲဆောင်ရွက်မှုတွင် ချိတ်ဆက်လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၆ ရက်၌ ပြောကြားခဲ့သည်။
ချိုမိုလန်းမားတောင် အခြေစိုက်စခန်း၊ မေ ၇ ရက် (ဆင်ဟွာ) ကမ္ဘာ့အမြင့်ဆုံးတောင်၏ အမြင့်ကို ပြန်လည်တိုင်းတာရန် တရုတ်နိုင်ငံ၏ လုပ်ငန်းစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် လေ့လာစစ်တမ်းကောက်ယူကြမည့် တရုတ်နိုင်ငံမှ မြေတိုင်းကျွမ်းကျင်ပညာရှင် ၃၀ ကျော်ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ချိုမိုလန်းမား (Qomolangma) တောင်ခြေ အခြေစိုက်စခန်းမှ မေ ၆ ရက်က ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ကျွမ်းကျင်တောင်တက်သမားများနှင့်...
ဝန်ချန်း၊ ဟိုင်နန်၊ မေ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဧရာမ သယ်ဆောင်ရေးဒုံးပျံအသစ် Long March-5B သည် ကနဉီးပျံသန်းမှုကို မေ ၅ ရက်က ပြုလုပ်ခဲ့ပြီး အာကာသအတွင်းသို့ တရုတ်၏ လူလိုက်ပါနိုင်သော အာကာသယာဉ်မျိုးဆက်သစ် စမ်းသပ်ပုံစံနှင့် ကုန်ပစ္စည်းတင်ယာဉ် (cargo return capsule)...
ဒါကာ ၊ မေ ၆ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ COVID-19 ကြောင့် တစ်နိုင်ငံလုံး lockdown ချထားစဉ်အတွင်းမှာပင် တရုတ်နိုင်ငံမှ တည်ဆောက်ပေးနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးမြစ်ကူးတံတားကြီးဖြစ်သော Padma မြစ်ကူးတံတား၏ သံဘောင်(ရက်မ) ၂၉ ခုကို ချိတ်ဆက် တပ်ဆင်ပေးနိုင်ခဲ့ကြောင်း နှင့် ယင်းအတွက် တံတား၏ အရှည်ကို...
တိဘက်၊ မေ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တိဘတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချိုမိုလန်းမားတောင် (Qomolangma) ခေါ် ဧဝရက်တောင် အခြေစိုက်စခန်းတွင် အမှိုက်စွန့်ပစ်မည့်အဆောက်အအုံများကို တပ်ဆင်ထားသည်ကို တွေ့ရှိရခြင်းဖြစ်သည်။
ပေကျင်း၊ မေ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် မတ်လအထိ အွန်လိုင်းသတင်းဝန်ဆောင်မှုများကို ကြည့်ရှုသူ အရေအတွက်သည် ၇၃၁ သန်းအထိ ရှိလာပြီဖြစ်ကာ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက ၅၅ ဒသမ ၉၈ သန်းရှိရာမှ မြင့်တက်လာခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ အင်တာနက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာအရ...
ဟန်ကျိုး၊ မေ ၅ ရက် (ဆင်ဟွာ) တရုတ်-ဥရောပ ကုန်တင်ရထားတစ်စင်းသည် လစ်သူယေးနီးယားနိုင်ငံ မြို့တော် ဗီလ်ယပ်စ်မြို့သို့ ဦးတည်ကာ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ယီဝူမြို့မှ မေ ၄ ရက်က ထွက်ခွာလာခဲ့ကြောင်း သိရသည်။
ရီရိုဒီဂျနေရို ၊ မေ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှ ၎င်း၏ချစ်ကြည်ရေးမြို့ဖြစ်သည့် ဘရာဇီးနိုင်ငံ ရစီးဖီမြို့(Recife)သို့ ကပ်ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများကို ယခုရက်ပိုင်းတွင်း ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။