ဘဂ္ဂဒက်၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ Green Zoneရှိ အမေရိကန်သံရုံးအနီးတွင် စက်တင်ဘာ ၂၃ ရက် ညပိုင်းက လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း အီရတ်လုံခြုံရေး အရာရှိတစ်ဦးက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ကဘူးလ်၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ မင်္ဂလာပွဲအခမ်းအနားတစ်ခုတွင် ယခုလ ၁၇ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ ၈၀ အထိ တိုးမြင့်လာပြီဖြစ်ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nasrat Rahimiက သြဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ကီးယက်၊ ဇူလိုင် ၁၄ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ ကီးယက်မြို့ ရှိ ၁၁၂ ရုပ်မြင်သံကြား ဌာန အဆောက်အဦကို ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
ကူဝိတ်စီးတီး၊ ဇွန် ၉ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ တောင်ပိုင်း Dhalea ပြည်နယ်ရှိ ဗလီဝတ်ပြုကျောင်းတစ်ခု ဇွန် ၇ ရက်က တိုက်ခိုက်ခံရမှုဖြစ်ပွား ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားလူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ယီမင်လုံခြုံရေးဌာန အရာရှိတစ်ဦးက အချင်းဖြစ်ပွားသောနေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ပုဏ္ဏကျွန်းမြို့နယ်၊ ရန်ကုန်- စစ်တွေ ကားလမ်းမဘေးရှိ ယိုးတရုပ်ကျေးရွာ ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၉ ဦး ကျဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးထံမှ စုံစမ်းသိရှိရသည်။
မက္ကဆီကို စီးတီး၊ မတ် ၁၀ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း ရှိ ဘားတစ်ခုတွင် တိုက်ခိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး အခြားလူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းက မတ် ၉ရက်တွင်ဖော်ပြခဲ့သည်။
လန်ဒန် ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ လန်ဒန်မြို ့မြောက်ပိုင်းရှိ လမ်းမတစ်ခုပေါ်တွင် လမ်းလျှောက်သွားလာနေကြသူများအား ကားတစ်စီးဖြင့် ဝင်ရောက်တိုက်ခဲ့ရာ လူတစ်ယောက် သေဆုံးပြီး ၎င်းလုပ်ရပ်အတွက် သံသယရှိသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။