Connect with us

Europe

လန်ဒန်မြို့၌ လမ်းလျှောက်သွားလာနေသူများကို ကားဖြင့် ဝင်တိုက် ၊ တစ်ဦးသေဆုံး

လန်ဒန်မြို့ ၌ ဇွန်လ ၁၉ ရက်တွင် လမ်းပေါ်တိုက်ခိုက်ခံရပြီးနောက် ရဲတပ်ဖွဲ့ ဝင်များလုံခြုံရေးယူနေစဉ်(ဓာတ်ပုံ-အင်တာနက်)

လန်ဒန် ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ လန်ဒန်မြို ့မြောက်ပိုင်းရှိ လမ်းမတစ်ခုပေါ်တွင် လမ်းလျှောက်သွားလာနေကြသူများအား ကားတစ်စီးဖြင့် ဝင်ရောက်တိုက်ခဲ့ရာ လူတစ်ယောက် သေဆုံးပြီး ၎င်းလုပ်ရပ်အတွက် သံသယရှိသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ဘင်ကားတစ်စီးသည် လန်ဒန်မြို့မြောက်ပိုင်း Finsbury ပန်းခြံဧရိယာအတွင်း လမ်းလျှောက်သွားလာနေကြသည့် လူအုပ်ထဲသို့အရှိန်ဖြင့် မောင်းနှင် ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ မီဒီယာက ဆိုသည်။“ အခင်းဖြစ်နေရာမှာ လူတစ်ယောက်ပွဲချင်းပြီး သေဆုံးသွားပါတယ်။ အဲဒီလုပ်ရပ်ကြောင့် လူတစ်ယောက်ကို ဖမ်းထားပါတယ်” ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။လန်ဒန်အရေးပေါ်လူနာတင်ယာဉ်ပို့ဆောင်ရေး က အခင်းဖြစ်နေရာသို့သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သတင်းများက ဆိုသည်။(Xinhua)