Connect with us

Europe

ယူကရိန်းနိုင်ငံတွင် ရုပ်မြင်သံကြား ဌာနတစ်ခု တိုက်ခိုက်ခံရမှုဖြစ်ပွား

တိုက်ခိုက်ခံရသော ယူကရိန်း ၁၁၂ ရုပ်မြင်သံကြားအဆောက်အဦအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကီးယက်၊ ဇူလိုင် ၁၄ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ ကီးယက်မြို့ ရှိ ၁၁၂ ရုပ်မြင်သံကြား ဌာန အဆောက်အဦကို ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ ဇူလိုင် ၁၃ ရက် နံနက် ၄ နာရီခန့်ကဖြစ်ကြောင်း ၊ ရဲတပ်ဖွဲ့မှ အမှုတိုင်ကြားချက်ကို ရရှိပြီးနောက် အချင်းဖြစ်နေရာသို့ ချက်ချင်းသွားရောက်စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယင်းနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ကနဦး စစ်ဆေးချက်များအရ အဆောက်အဦ မျက်နှာစာတည့်တည့်တွင် ဒုံးကျည်ထိမှန်ထားပြီး နံရံ ပျက်စီးနေသည်ဟု ဆိုသည်။

အချင်းဖြစ်ရပ်ကြောင့် သေဆုံးဒဏ်ရာရမှုမရှိကြောင်း သိရသည်။

တိုက်ခိုက်သူ မည်သူမည်ဝါဖြစ်သည်ကို အတိအကျ မသိရှိရသေးကြောင်း ၊ အကြမ်းဖက်ဝါဒီများနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု ယူဆရကြောင်း ၊ ၎င်းနှင့်စပ်လျဉ်း၍ အထူးလှုပ်ရှားမှုများ လုပ်ဆောင် စစ်ဆေးနေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

၁၁၂ ရုပ်မြင်သံကြားဌာနတိုက်ခိုက်ခံရမှုမှာ ၎င်း၏ ယူကရိန်းအရှေ့ပိုင်းဒေသ ပဋ္ဋိပက္ခဖြစ်ပွားမှု မှတ်တမ်းဗွီဒီယိုထုတ်လွှင့်ပြသမည်ဟု ကြေညာထားခြင်းနှင့်ဆက်စပ်နိုင်ကြောင်း ယူကရိန်းမီဒီယာများ ဖော်ပြထားသည်။ လက်ရှိတွင် ယူကရိန်းအစိုးရ သက်ဆိုင်ရာဌာနများက အဆိုပါ မှတ်တမ်းဗွီဒီယို ထုတ်လွှင့်မှုအား ဆိုင်းငံ့ထားရန်နှင့် ပြန်လည်စိစစ်မှုများ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။ ထိုမတိုင်မီကလည်း အဆိုပါမှတ်တမ်းဗွီဒီယိုကို မထုတ်လွှင့်ရန် ၁၁၂ ရုပ်မြင်သံကြားဌာနကို ယူကရိန်းအစိုးရက သတိပေးထားကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117