နယူးဒေလီ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရပ်ကွက်တစ်ခုတွင် ဓာတ်ငွေ့ဆလင်ဒါအိုးပေါက်ကွဲမှုပြီးနောက် အဆောက်အဦတစ်လုံး ဇန်နဝါရီလ ၃ ရက်ညပိုင်းက ပြိုကျခဲ့ရာ လူ ၇ ဦး ထက်မနည်းသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာ. သတင်းမျာအးရ သိရသည်။
မိုဂါဒစ်ရှူး၊ ဒီဇင်ဘာလ ၂၂ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ သမ္မတနန်းတော်အနီးတွင် ဒီဇင်ဘာလ ၂၂ ရက်နံနက်ပိုင်းက အသေခံကားဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
တိုကျို ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံမြောက်ဖက်အစွန်း ဟော့ကိုင်ဒိုးစီရင်စု Sapporo မြို့ရှိ ဂျပန်ရိုးရာ စားသောက်ဆိုင် တစ်ခုတွင် ဒီဇင်ဘာ ၁၆ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အဘူလ်ဂျာ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံတောင်ပိုင်း Abia ပြည်နယ် Osisioma ဒေသခံအစိုးရနယ်မြေတွင် ရေနံပိုက်လိုင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၂၄ဦးရှိလာကြောင်း ဒေသခံရဲတပ်ဖွဲ့က အောက်တိုဘာ ၁၃ ရက်တွင်ပြောကြားခဲ့သည်။
တိုကျို၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အရှေ့ပိုင်း ရှိ အီဘာရာကီစီရင်စု၊ စုချီအူရာမြို့ ရှိ မီးရှူးမီးပန်းပွဲတော်တစ်ခု ၏ ဧရိယာအနီးတွင် အောက်တိုဘာ ၆ ရက်က မီးရှူးမီးပန်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒမတ်စကပ်စ်၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကပ်စ်မြို့ရှိ စစ်ဘက်သုံးလေဆိပ်တစ်ခုအနီးတွင် စက်တင်ဘာ ၂ ရက် နံနက်ပိုင်း က ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ပေါက်ကွဲသံများကို ဒမတ်စကပ်စ်မြို့ တစ်ခုလုံးကြားခဲ့ရကြောင်း ၊လက်ရှိတွင် သေဆုံးဒဏ်ရာရမှုအခြေအနေကို မသိရသေးကြောင်း သိရသည်။
ဘာလင်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ Vohburg မြို့ ရှိ ရေနံသန့်စင်စက်ရုံတစ်ခုတွင် စက်တင်ဘာ ၁ ရက် က ပေါက်ကွဲမှုတစ်ခု နှင့် နောက်ဆက်တွဲမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုကဖော်ပြခဲ့သည်။
ရောမ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ မြောက်အလယ်ပိုင်း ဘိုလော့နာမြို့ပြင်ပ လမ်းမပေါ်တွင် လောင်ဆာဆီတင်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်သမားများက သြဂုတ်လ ၆ ရက်တွင် တွစ်တာပေါ်၌ ရေးသားခဲ့သည်။
နယူးဒေလီ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် ဆလင်ဒါအိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး အခြားသူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင်လ ၂၄ ရက်တွင် ပြောကြားလိုက်သည်။
နယူးယောက်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟတ်တန်မြို့နယ် ရှိ ရပ်ကွက်တစ်ခု တွင် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက ရေနွေးငွေ့ပိုက်လိုင်းတစ်ခု ပေါက်ကွဲခဲ့ရာ ယာဉ်ကြောများပိတ်ဆို့ခဲ့ပြီး လမ်းမများကို ပိတ်ခဲ့ရကြောင်း သိရသည်။