Connect with us

Africa & Middle East

အာဖဂန်နိုင်ငံ မြောက်ပိုင်းရှိ ဘော်လီဘောကွင်းတွင် ပေါက်ကွဲမှုကြောင့် လူ ၄ ဦးသေဆုံး၊ ၂၀ ဒဏ်ရာရ

အာဖဂန်နိုင်ငံ မြောက်ပိုင်းတွင် ဘော်လီဘောကွင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပါလ်-အီ-ခမ်ရီ၊ အာဖဂန်နစ္စန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဘတ်လန်ပြည်နယ် တာလာ-အို-ဘာဖတ်ခရိုင်ရှိ ဘော်လီဘောကွင်း၌ ကြောက်မက်ဖွယ်ပေါက်ကွဲမှုကြောင့် လူ ၄ ဦးသေဆုံးပြီး အခြားသူ ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး အဗ္ဗဒူလ် အာဟတ် ဘာဖာကီ (Abdul Ahad Barfaki) က ဇန်နဝါရီလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

“သောကြာနေ့ (ဇန်နဝါရီလ ၂၅ ရက်) ညနေပိုင်းမှာ လူအများ ဘော်လီဘောပွဲ ကြည့်နေတုန်း ကွင်းထဲမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ လူ ၄ ဦး နေရာမှာပဲ သေဆုံးခဲ့ပြီး တခြားသူ ၂၀ ဦး ဒဏ်ရာရရှိသွားတယ်” ဟု ဘာဖာကီက ဆင်ဟွာသို့ပြောကြားခဲ့သည်။သေဆုံး၊ ဒဏ်ရာရသူများမှာ ကလေးငယ်များအပါအဝင် အရပ်သားများဖြစ်ကြောင်း တာဝန်ရှိသူက ဆိုသည်။တစ်ချိန်တည်းမှာပင် ဘတ်လန်ပြည်နယ်ဆိုင်ရာ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဟန်နစ်ဖ်ရီဇိုင် (Mohammad Hanif Rezai) က ပေါက်ကွဲမှုမှာ တာလီဘန်ထိန်းချုပ်ထားသောနယ်မြေမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရသူများအနက် အချို့မှာ စိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။ ထိုပေါက်ကွဲမှုနှင့်ပတ်သက်၍ တာဘီလန်များဘက်မှ မှတ်ချက်ပြုထားခြင်းမရှိသေးပေ။ (Xinhua)