Connect with us

Asia

ဂျပန်နိုင်ငံရှိ စားသောက်ဆိုင်တစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွား ၊ လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရ

ဂျပန်နိုင်ငံဟော့ကိုင်ဒိုးစီရင်စု Sapporo မြို့ တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြင်တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တိုကျို ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံမြောက်ဖက်အစွန်း ဟော့ကိုင်ဒိုးစီရင်စု Sapporo မြို့ရှိ ဂျပန်ရိုးရာ စားသောက်ဆိုင် တစ်ခုတွင် ဒီဇင်ဘာ ၁၆ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုသည် ဒီဇင်ဘာ ၁၆ ရက် ဒေသစံတော်ချိန် ည ၈ နာရီ ၃ဝ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း ၊ အနည်းဆုံး လူပေါင်း ၄၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ ဒဏ်ရာရသူများအနက်တစ်ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိနေကြောင်း ဒေသခံရဲ သတင်းအရင်းအမြစ်များ၏ပြောကြားချက်ကို ကိုးကား၍ ကျိုဒို(Kyodo) သတင်းဌာနက ဖော်ပြခဲ့သည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ကျယ်လောင်သော ပေါက်ကွဲသံကိုကြားခဲ့ရကြောင်း၊ တုန်ခါမှုကို ခံစားခဲ့ရကြောင်း နှင့် စားသောက်ဆိုင်မှာမီးလောင်ကျွမ်းသွားပြီး အဆောက်အအုံမှန်ချပ်များလဲ ကွဲထွက်သွားကြောင်း ဆိုသည်။

အချင်းဖြစ်ကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းသွားသည့်နေရာများကို မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်နေကြောင်း သိရသည်။

နောက်ထပ်ပေါက်ကွဲမှုများထပ်မံဖြစ်ပွားလာနိုင်ချေရှိသဖြင့် အနီးအနားရှိ ဒေသခံများကို အထူးဂရုပြုနေထိုင်ကြရန် နှင့် အချင်းဖြစ်နေရာအနီးတစ်ဝိုက်သို့သွားလာခြင်း မပြုရန် ရဲတပ်ဖွဲ့က သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။(Xinhua)