ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) လစ်လပ်နေသော စက်မှုဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးနေရာကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ပူးတွဲတာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ယနေ့ (ဇူလိုင် ၃၀ရက်) နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်လိုက်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) စက်မှုဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား ယင်း၏ သဘောဆန္ဒအရ ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မတ် ၂၄ ရက် (ဆင်ဟွာ) ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသော ပြည်ထောင်စု ဝန်ကြီး အမည်စာရင်းများအား ယနေ့မတ် ၂၄ ရက်တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်ချက် တစ်စုံတစ်ရာ မရှိသဖြင့် လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်ရန် သဘောတူကြောင်း ကြေညာခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ပြည်ပ ကြွေးမြီမှာ အမေရိကန် ဒေါ်လာ ၉.၀၉၉ ဘီလီယံ ခန့်ရှိနေပြီး ကြွေးမြီ ခံနိုင်ရည် ဆန်းစစ်ချက်အရ သင့်တင့်သော ကြွေးမြီ ရယူထားသည့် အခြေအနေတွင် ရှိသည်ဟု တွေ့ရှိရကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ၊...
နေပြည်တော်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ရွေးကောက်ပွဲ ဝင်ရောက်ရန် နှုတ်ထွက်သွားသည့် ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ရာထူးများကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ခန့်အပ်လိုက်သည်။