Connect with us

Local

မြန်မာနိုင်ငံ၏ ပြည်ပ ကြွေးမြီ အမေရိကန် ဒေါ်လာ ၉.၀၉၉ ဘီလီယံ ခန့်ရှိ

မြန်မာ့စက်မှု ဆိပ်ကမ်းရှိ ကွန်တိန်နာသယ် ကရိန်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပြည်ပ ကြွေးမြီမှာ အမေရိကန် ဒေါ်လာ ၉.၀၉၉ ဘီလီယံ ခန့်ရှိနေပြီး ကြွေးမြီ ခံနိုင်ရည် ဆန်းစစ်ချက်အရ သင့်တင့်သော ကြွေးမြီ ရယူထားသည့် အခြေအနေတွင် ရှိသည်ဟု တွေ့ရှိရကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၏ ပြောကြားချက် အရ သိရသည်။

ယခု လက်ရှိ အနေအထားမှာ IMF ၊ World Bank တို့၏ မြန်မာနိုင်ငံ၏ ကြွေးမြီ ခံနိုင်ရည် ဆန်းစစ်ချက် အရ သင့်တင့်သော ကြွေးမြီ ရယူထားသည့် အခြေအနေတွင် ရှိကြောင်း တွေ့ရှိရပါကြောင်း ၊ အဓိက အကျဆုံး အရေးကြီးဆုံး အချက်မှာ ပြည်ပ ချေးငွေ ရယူဆောင်ရွက်သည့် လုပ်ငန်း စီမံကိန်းများကို ရည်မှန်းချက် အတိုင်း အပြည့်အဝ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ဖြစ်၍ စနစ်တကျ စိစစ် ကြပ်မတ် စစ်ဆေးမှုများ လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက်ရှိ ပြည်ပ ကြွေးမြီ အခြေအနေမှာ ၁၉၈၈ ခုနှစ် မတိုင်မီ ရယူခဲ့သည့် ချေးငွေ အမေရိကန် ဒေါ်လာ ၄.၂၆၆ ဘီလီယံ ရှိပြီး ၁၉၈၈-၁၉၈၉ မှ ၂၀၁၀-၂၀၁၁ အထိ စာချုပ် ချုပ်ဆိုခဲ့သည့် ချေးငွေမှာ အမေရိကန် ဒေါ်လာ ၃.၃၃၁ ဘီလီယံ ဖြစ်ပြီး ၂၀၁၁-၂၀၁၂ နောက်ပိုင်း စာချုပ် ချုပ်ဆိုခဲ့သည့် ချေးငွေ အမေရိကန် ဒေါ်လာ ၁.၅၀၂ ဘီလီယံ ရှိပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၉.၀၉၉ ဘီလီယံခန့်ရှိနေကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က နိုဝင်ဘာလ ၃၀ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း ပြောကြားခဲ့သည်။
ပြည်ပ ကြွေးမြီမှာ အမေရိကန် ဒေါ်လာ ၉.၀၉၉ ဘီလီယံခန့်ရှိနေသော်လည်း ပြည်ပ ချေးငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်း/လုပ်ငန်း၏ အကောင်အထည် ဖော်မှု အလိုက် ချေးငွေများ ထုတ်ယူ သုံးစွဲခြင်း ၊ အရင်း ပြန်လည် ပေးဆပ်ခြင်းနှင့် ငွေလဲလှယ်နှုန်း ပြောင်းလဲခြင်း တို့ကြောင့် ပြည်ပ ကြွေးမြီ စာရင်း ပမာဏ ပြောင်းလဲမှု ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်ပ ချေးငွေများ စိစစ် ရယူခြင်း ၊ ကြွေးမြီ စီမံခန့်ခွဲမှု ကို စနစ်တကျ ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း ၊ ရယူထားသည့် ပြည်ပချေးငွေ အများစုမှာ တစ်လုံး တစ်ခဲတည်း အားလုံး ရရှိခြင်း မဟုတ်ဘဲ စည်းကမ်း သတ်မှတ်ချက်များနှင့် အညီ လုပ်ငန်း အကောင် အထည် ဖော်မှု အပေါ် မူတည်ပြီး ချေးငွေထုတ်ယူ ရရှိသုံးစွဲ နေခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117