Connect with us

Politics, Law & Military

စက်မှုဝန်ကြီးဌာန၏ပြည်ထောင်စုဝန်ကြီးအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ပူးတွဲတာဝန်ထမ်းဆောင်မည်

ပြည်ထောင်စုဝန်ကြီးအား ပူးတွဲတာဝန် ထမ်းဆောင်ခွင့်ပြုသော သမ္မတရုံး ကြေညာချက်အားတွေ့ရစဉ်(သမ္မတ ရုံး)

ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

လစ်လပ်နေသော စက်မှုဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးနေရာကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ပူးတွဲတာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ယနေ့ (ဇူလိုင် ၃၀ရက်) နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်လိုက်သော သတင်းအရ သိရသည်။

လက်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းကို ၂၀၁၈ ခုနှစ် မေလတွင် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်တွင် အဆိုပြုခဲ့ပြီး လွှတ်တော်တွင် ကန့်ကွက်သူမရှိ ခန့်အပ်ခဲ့သူ ဖြစ်သည်။ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် အသက် ၈၀ ရှိပြီဖြစ်ပြီး မွန်ပြည်နယ် မော်လမြိုင်မြို့၌ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့ကြောင်း၊ဝိဇ္ဇာ၊ ဥပဒေဝိဇ္ဇာ၊ စီမံခန့်ခွဲရေးဒီပလိုမာ (BA, BL.,DMA) ဘွဲ့ရရှိခဲ့ ပြီး၊Deloitte Touche Myanmar Vigour Advisory Limited မှာ Country Managing Partner အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ဝန်ကြီးဦးစိုးဝင်းသည် နိုင်ငံတကာ နှင့် ပြည်တွင်းအကြံပေးပညာရှင် အဖြစ် လုပ်ငန်းအတွေ့အကြုံ (၄၆) နှစ်ကျော်ရှိကာ အခွန်အကောက်၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ဘဏ်ပိုင်းဆိုင်ရာနယ် ပယ်များ၌ ကျွမ်းကျင်သူဖြစ်ကြောင်း သိရသည်။စက်မှုဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား ယင်း၏ သဘောဆန္ဒအရ ဇူလိုင် ၂၆ ရက်က ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။(Xinhua )


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117