Connect with us

Politics, Law & Military

ပြည်ထောင်စု ဝန်ကြီးများ ခန့်အပ်ရန် ကန့်ကွက်သူ မရှိ လွှတ်တော်မှ သဘောတူ

ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသော ပြည်ထောင်စု ဝန်ကြီး အမည်စာရင်းများအား ယနေ့မတ် ၂၄ ရက်တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်ချက် တစ်စုံတစ်ရာ မရှိသဖြင့် လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်ရန် သဘောတူကြောင်း ကြေညာခဲ့သည်။

နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော် တင်ပြသော ပြည်ထောင်စု ဝန်ကြီး အမည်စာရင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်သည့် လွှတ်တော် ကိုယ်စားလှယ် မရှိသဖြင့် လွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့ခြင်းသည်။

ပြည်ထောင်စု ဝန်ကြီးများအမည် စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါက်တာ အောင်သူ ၊ ဦးသန့်စင်မောင် ၊ သူရဦးအောင်ကို ၊ ဦးအုန်းဝင်း ၊ ဦးသိန်းဆွေ ၊ ဦးကျော်ဝင်း ၊ ဦးခင်မောင်ချို ၊ ဒေါက်တာ မြင့်ထွေး ၊ ဦးဝင်းခိုင် ၊ ဒေါက်တာ ဝင်းမြတ်အေး ၊ ဦးအုန်းမောင် ၊ ဒေါက်တာ သန်းမြင့် ၊ နိုင်သက်လွင် ၊ ဒေါက်တာ ဖေမြင့် ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် တို့ဖြစ်ကြသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117