Connect with us

Politics, Law & Military

စက်မှုဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအား ရာထူးမှ နှုတ်ထွက်ခွင့်ပြု

ပြည်ထောင်စုဝန်ကြီးအား နှုတ်ထွက်ခွင့်ပြုသော သမ္မတရုံး ကြေညာချက်အားတွေ့ရစဉ်(သမ္မတ ရုံး)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

စက်မှုဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား ယင်း၏ သဘောဆန္ဒအရ ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅ ၊ ပုဒ်မခွဲ (ခ) နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ (က) တို့ပါ ပြဌာန်းချက်များအရ စက်မှုဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအားနှုတ်ထွက်ခွင့်ပြုလိုက်သည်ဟူ၍ နိုင်ငံတော်သမ္မတရုံး ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ပြည်ထောင်စုဝန်ကြီးရာထူးမှ မိမိ သဘောဆန္ဒအရ နှုတ်ထွက်ခွင့်အဖြစ်၂၀၁၈ ခုနှစ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကိုလည်းကောင်း၊၂၀၁၇ ခုနှစ်တွင်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းအားလည်းကောင်း နိုင်ငံတော် သမ္မတက နှုတ်ထွက်ခွင့်ပြုခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117