မော်စကို ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံအရေးနှင့်ပတ်သက်၍ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများအဆင့် နှင့် အထူးကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြမည့် နိုင်ငံတကာဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၉ ရက်တွင် ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃ ရက်တွင်ပြောကြားခဲ့သည်။
မော်စကို ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့ မြို့လယ်ခေါင်တွင် ဇွန် ၁၆ ရက်က အငှားယာဉ်တစ်စီးသည် လူသွားလူလာ များကို ဝင်တိုက်မှုကြောင့် လူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မော်စကို ၊ စက်တင်ဘာ ၁ဝ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့တော် တည်ထောင်ခြင်း နှစ် ၈၇ဝ ပြည့် အခမ်းအနားကို ယခုရက်သတ္တပတ်အတွင်း မော်စကိုမြို့တော် အနှံ့အပြား၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒမားစကတ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်-အာဆတ်သည် ရှားရှားပါးပါး ခရီးစဉ် တစ်ရပ်အဖြစ် ရုရှား သမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံရန် မော်စကိုသို့ အောက်တိုဘာလ ၂၀ ရက်က ရောက်ရှိခဲ့ပြီး ဆီးရီးယား ပဋိပက္ခ ဖြစ်ပွား ချိန်မှစ၍...