Connect with us

Europe

မော်စကိုမြို့တော် နှစ် ၈၇ဝ ပြည့် အခမ်းအနားကျင်းပ

ရုရှားနိုင်ငံ မော်စကိုမြို့ အားတွေ့ ရစဉ်(အင်တာနက်)

မော်စကို ၊ စက်တင်ဘာ ၁ဝ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့တော် တည်ထောင်ခြင်း နှစ် ၈၇ဝ ပြည့် အခမ်းအနားကို ယခုရက်သတ္တပတ်အတွင်း မော်စကိုမြို့တော် အနှံ့အပြား၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်စကိုမြို့တော် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အဆိုအရ နေရာပေါင်း ၃ဝဝ ကျော်တွင် အခမ်းအနားပေါင်း ၄၂၇ ခုကျင်းပခဲ့ကြောင်း နှင့် အဆိုပါ အခမ်းအနားများသို့ဧည့်သည်ပေါင်း ၁ဝ သန်းခန့်လာရောက်လည်ပတ်ရန် မျှော်လင့်ထားကြောင်း သိရသည်။ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က အနီရောင်ရင်ပြင်(Red Square)၌ ယနေ့( စက်တင်ဘာလ ၁ဝ ရက်) တွင်ပြုလုပ်သည့် အခမ်းအနားသို့တက်ရောက်ခဲ့ပြီး မော်စကိုမြို့သားများ နှင့် ဧည့်ပရိသတ် အပေါင်းတို့အား မြို့တော်နေ့အထိမ်းအမှတ် နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုမြို့အားတွေ့ရစဉ်(ဆင်ဟွာ)

“ ဒီနေ့ထူးနေ့မြတ်ကို အမြဲတမ်း ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။ ကျွန်တော်တို့ပြည်သူတွေဟာ မော်စကိုမြို့ကို ဘယ်လောက်ချစ်ခင်နှစ်သက်လဲ ဆိုတာကို ပြနေပါတယ်။ အင်မတန်လှပတဲ့မြို့တော်အတွက် ဂုဏ်ယူကြသလို ရာစုနှစ်ပေါင်းများစွာ သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ မော်စကိုမြို့တော်ရဲ့ စွမ်းဆောင်မှုအတွက်လည်း ဂုဏ်ယူနေကြပါတယ် ” ဟု ၎င်းက ဆိုသည်။ အရှေ ့ဥရောပတွင် တည်ရှိသော မော်စကိုမြို့သည် ရုရှားနိုင်ငံ၏ အကြီးဆုံးမြို့တော်ဖြစ်ပြီး ကမ္ဘာ့အထင်ကရမြို့တော်ကြီး တစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)