Connect with us

Africa & Middle East

ဆီးရီးယား သမ္မတ အာဆတ် ရှားရှားပါးပါး ခရီးစဉ်အဖြစ် ရုရှား သမ္မတ ပူတင်နှင့် တွေ့ဆုံရန် မော်စကိုသို့ ရောက်ရှိ

ရုရှား သမ္မတ ဗလာဒီမာ ပူတင် (ဝဲ)နှင့် ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်-အာဆတ် (ဓာတ်ပုံ-အင်တာနက်)

ဒမားစကတ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်-အာဆတ်သည် ရှားရှားပါးပါး ခရီးစဉ် တစ်ရပ်အဖြစ် ရုရှား သမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံရန် မော်စကိုသို့ အောက်တိုဘာလ ၂၀ ရက်က ရောက်ရှိခဲ့ပြီး ဆီးရီးယား ပဋိပက္ခ ဖြစ်ပွား ချိန်မှစ၍ ဆီးရီးယား ခေါင်းဆောင် အနေဖြင့် ပထမဆုံး သွားရောက်ခြင်း လည်း ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ SANA က အောက်တိုဘာ ၂၁ ရက် က သတင်း ဖော်ပြထားသည်။

ပူတင်၏ ဖိတ်ကြားချက်ဖြင့် အယ်လ်-အာဆတ် လာရောက်ခြင်း ဖြစ်ပြီး ဆီးရီးယား၌ အကြမ်းဖက် အဖွဲ့များအား ပြုလုပ်သည့် စစ်ဆင်ရေးများနှင့် ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်ကြောင်းနှင့် ဆီးရီးယား စစ်တပ်၏ စီမံချက်များနှင့် ပတ်သက်၍လည်း အာဆတ်က ပူတင်အား အကြောင်းကြားရန်လည်း ရှိကြောင်း SANA သတင်းက ဖော်ပြခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် ဆီးရီးယား၌ ရုရှား လေကြောင်း တိုက်ခိုက်မှုများနှင့် ဆီးရီးယား စစ်တပ်အပေါ် ရုရှား၏ စစ်ဆင်ရေးအတွက် ထောက်ပံ့ပေးမည့် အကြောင်းများလည်း ဆွေးနွေးခဲ့ကြသည်။

ထို ရှားပါးလှသော လည်ပတ်မှုသည် အာဆတ် အစိုးရအားအား ထောက်ပံ့ပေးရန် ဆန္ဒရှိသော ရုရှားနိုင်ငံ၏ အရေးပါသော လက္ခဏာ တစ်ရပ် အဖြစ် ပြသရာလည်း ရောက်နေသည်။
ရုရှား နိုင်ငံက ဆီးရီးယား နိုင်ငံတစ်ဝန်းရှိ စစ်သွေးကြွ အုပ်စုများအား စက်တင်ဘာလ ၃၀ ရက်မှ စတင်၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117