ကန်ပါလာ၊ ဩဂုတ် ၂၃ ရက်(ဆင်ဟွာ) ယူဂန်ဒါနိုင်ငံ မြောက်ပိုင်း ရှိ အကျဉ်းစခန်းတစ်ခုတွင် အကျဉ်းသား ၁၅၃ ဦး ကိုရိုနာဗိုင်းရပ်စ ကူးစက်ခံရကြောင်း ယူဂန်ဒါနိုင်ငံ ကျန်းမာရေးဝန်ကြီး Ruth Acengက ဩဂုတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ကန်ပါလာ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ ယူဂန်ဒါနိုင်ငံသို့ သီးနှံဖျက် ကျိုင်းကောင်းကာကွယ်တိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ရာ ယင်းလှူဒါန်းပွဲအခမ်းအနားကို ဇွန် ၁၀ ရက်က ယူဂန်ဒါနိုင်ငံ ကန်ပါလာမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကမ်ပါလာ၊ မတ် ၂၈ ရက် (ဆင်ဟွာ) ယူဂန်ဒါနိုင်ငံ မြောက်ပိုင်း ဒိုကိုလိုခရိုင် တွင် မတ် ၂၇ ရက်က ယာဉ်တိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၆ဦးသေဆုံးပြီး အခြားလူ ၅ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ကမ်ပါလာ ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ယူဂန်ဒါ နိုင်ငံ အလယ်ပိုင်း Mukono ဒေသရှိ Victoria ရေကန်တွင် နိုဝင်ဘာ ၂၄ ရက်က ရေယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ၁၀ ဦးသေဆုံးပြီး လူ ၄၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ယူဂန်ဒါ ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ကမ်ပါလာ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ယူဂန်ဒါနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မိုးခေါင်ရေရှားသော ကာရာမိုဂျာဒေသရှိ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (World Food Program) ၏ စာသင်ကျောင်း အာဟာရကျွေးမွေးခြင်း အစီအစဉ်အတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၅ သန်း ပေးလှူခဲ့ကြောင်း သိရသည်။