Connect with us

WORLD

 ယူဂန်ဒါနိုင်ငံ အကျဉ်းစခန်းတစ်ခုတွင် အကျဉ်းသား ၁၅၃ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ယူဂန်ဒါနိုင်ငံ ကန်ပါလာမြို့ လမ်းပေါ်တွင် ချိတ်ဆွဲထားသော ရောဂါကာကွယ်ရေး ပညာပေး စာတန်းအား ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကန်ပါလာ၊ ဩဂုတ် ၂၃ ရက်(ဆင်ဟွာ)

ယူဂန်ဒါနိုင်ငံ မြောက်ပိုင်း ရှိ အကျဉ်းစခန်းတစ်ခုတွင် အကျဉ်းသား ၁၅၃ ဦး ကိုရိုနာဗိုင်းရပ်စ ကူးစက်ခံရကြောင်း ယူဂန်ဒါနိုင်ငံ ကျန်းမာရေးဝန်ကြီး Ruth Acengက ဩဂုတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ယူဂန်ဒါတွင် ဩဂုတ် ၂၂ ရက်တွင် အသစ်ထပ်တိုးအတည်ပြုလူနာ ၃၁၈ ဦးရှိပြီး ၎င်းတို့အနက် နိုင်ငံ မြောက်ပိုင်း Amuru အကျဉ်းစခန်းမှ အကျဉ်းသား ၁၅၃ ဦးနှင့် အကျဉ်းစခန်းဝန်ထမ်း ၁ ဦး တို့ ဖြစ်ကြောင်း Acengက မီဒီယာများကို ပြောကြားခဲ့သည်။

ပြီးခဲ့သော ရက်သတ္တပတ်က အကျဉ်းသားတစ်ဦး ကိုရိုနားဗိုင်းရပ်ကူးစက်ခံရသည့် လက္ခဏာအချို့ရှိသောကြောင့် ကျန်းမာရေးဝန်ကြီးဌာန အရေးပေါ်အဖွဲ့က အဆိုပါ အကျဉ်းစခန်းသို့ သွားရောက်၍ ရောဂါဖြစ်ပွားသူများအား သီးခြားခွဲထားခြင်း၊ အနီးကပ်ထိတွေ့သူများအား တည်ပြုခြင်းနှင့် ရောဂါစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယူဂန်ဒါနိုင်ငံတွင် လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်း ၇၃ ဦး ရှိကြောင်း Acengဆိုသည်။ မြို့တော် ကန်ပါလာ သည် ရပ်ရွာတွင်းကူးစက်မှု (Community infection)မြင့်မားသည့် နေရာဖြစ်ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်တွင် အသစ်ထပ်တိုးလူနာ ၃၄၂ ဦးထိ ရှိကြောင်း သိရသည်။ 

သုတေသန ဌာန၊ ပုဂ္ဂလိက ဆေးရုံအချို့နှင့် မီဒီယာအဖွဲ့အစည်း ၄ ခုတွင် အစုလိုက်အပြုံလိုက်ရောဂါကူးစက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ရောဂါ ပြန့်ပွားမှုအား တားဆီးရန် လုပ်ငန်းခွင်အတွင်း သတ်မှတ်စည်းကမ်းများကို တိကျစွာလိုက်နာရန်နှင့် ထိရောက်သည့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်ကြရန် Aceng က အလေးထား ပြောကြားခဲ့သည်။

ယူဂန်ဒါနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ ဩဂုတ် ၂၂ ရက်အထိ နိုင်ငံအတွင်း အတည်ပြုလူနာ စုစုပေါင်း ၂,၁၆၆ ဦး ရှိပြီး ၎င်းတို့အနက် ရောဂါ သက်သာပျောက်ကင်းသူ ၁,၃၉၆ ဦး နှင့် သေဆုံးသူ ၂၀ ဦး ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117