Connect with us

Africa & Middle East

ယူဂန်ဒါနိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် လူ ၆ဦးသေ၊ ၅ဦး အပြင်းအထန်ဒဏ်ရာရရှိ

ယူဂန်ဒါနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကမ်ပါလာ၊ မတ် ၂၈ ရက် (ဆင်ဟွာ)

ယူဂန်ဒါနိုင်ငံ မြောက်ပိုင်း ဒိုကိုလိုခရိုင် တွင် မတ် ၂၇ ရက်က ယာဉ်တိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၆ဦးသေဆုံးပြီး အခြားလူ ၅ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

မြောက်ပိုင်းကျိုဂါဒေသ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ David Ongom က ဒိုကိုလို-အမိုလာတာ လမ်း၌ Toyota Noah ကား ယာဉ်မောင်းသည် အရှိန်ဖြင့် အငှားယာဉ်တစ်စီးအား ကျော်တက်စဉ် နောက်မှ ဝင်တိုက်မိခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက Noah ယာဉ်ပေါ်မှ လူ ၆ဦး အခင်းဖြစ်ပွားရာ၌ပင်သေဆုံးခဲ့ပြီး အငှားယာဉ်ပေါ်မှ လူ ၅ဦး ဒဏ်ရာများရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ယာဉ် ၂စီးသည် လီရာခရိုင်မှ အမိုလာတာခရိုင် သို့ သွားရောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြောရေးဆိုခွင့်ရှိသူက ဒဏ်ရာရရှိသူများကို ဆေးရုံများသို့ ပို့ဆောင်ပေးထားပြီး အများစုမှာ အရိုးကျိုးသည့် ဒဏ်ရာများရရှိခဲ့ကာ ဆေးကုသမှုခံယူနေသဖြင့် အသက်ရှင်နိုင်ခြေများပြားကြောင်း ပြောကြားခဲ့သည်။

ယူဂန်ဒါနိုင်ငံတွင် နှစ်စဉ် ယာဉ်မတော်တဆမှုပေါင်း ၂၀,၀၀၀ ခန့်ဖြစ်ပွားကာ လူ ၂,၀၀၀ ခန့်သေဆုံးခဲ့ပြီး ကမ္ဘာ့ပေါ်တွင်ယာဉ်မတော်တဆမှုကြောင့်လူသေဆုံးမှုနှုန်းအများဆုံး နိုင်ငံ များအနက် တစ်နိုင်ငံဖြစ်ကြောင်း ရဲဌာနမှ အချက်အလက်များအရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117