ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ ရုပ်ရှင်ရုံများတွင် COVID-19 ကူးစက်ရောဂါဖြစ်ပွားမှုကြားမှ ကမ္ဘာ့ဒုတိယအကြီးဆုံး ရုပ်ရှင်ရုံဈေးကွက် ထပ်မံနာလန်ထူနိုင်ရန်အတွက် ရုံဝင်လူဦးရေအများဆုံးသတ်မှတ်မှုကို လက်ရှိ ၅၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ လျှော့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ COVID-19 ကပ်ရောဂါ ထိန်းချုပ်မှု အခြေအနေ တိုးတက်လာပြီးနောက် ယနေ့ ဇူလိုင် ၂၀ ရက်မှ စတင်ကာ ရောဂါကူးစက်မှုအန္တရာယ်နည်းပါးသည့် ဒေသများရှိ ရုပ်ရှင်ရုံများကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ကပ်ရောဂါအခြေအနေ တိုးတက်လာပြီးနောက် ရောဂါဖြစ်ပွားမှုနည်းပါးသည့် နေရာများရှိ ရုပ်ရှင်ရုံများအား ဇူလိုင် ၂၀ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ရုပ်ရှင်လုပ်ငန်းစီမံခန့်ခွဲမှုဦးစီးဌာနက ဇူလိုင် ၁၆ ရက်တွင် ကြေညာလိုက်သည်။
ရန်ကုန် ၊ မတ် ၁၆ ရက်(ဆင်ဟွာ) တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရုပ်ရှင်ရုံများ၌ ရုပ်ရှင်ပြသခြင်းများအား ယနေ့ မတ်လ ၁၆ ရက်မှ စတင်၍ ရပ်ဆိုင်း ထားရန် ပြန်ကြားရေး ဝန်ကြီးဌာနမှ အသိပေး ကြေညာခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ၂၀ ရက် (ဆင်ဟွာ) ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင်ကာ မြန်မာ ရုပ်ရှင် ဇာတ်ကားများ ကို အေအုပ်စု၊ ဘီအုပ်စု ခွဲကာ ရုံပြိုင် စနစ်ဖြင့် ပြသသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်...