Connect with us

Culture & Entertainment

လာမည့် နှစ်ဆန်းပိုင်းတွင် မြန်မာ ရုပ်ရှင်များကို ရုံပြိုင် စနစ်ဖြင့် ပြသသွားမည်

ရန်ကုန်မြို့ရှိ နေပြည်တော် ရုပ်ရှင်ရုံ အား တွေ့ရှိရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ၂၀ ရက် (ဆင်ဟွာ)

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင်ကာ မြန်မာ ရုပ်ရှင် ဇာတ်ကားများ ကို အေအုပ်စု၊ ဘီအုပ်စု ခွဲကာ ရုံပြိုင် စနစ်ဖြင့် ပြသသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ယခင်က ဇာတ်ကား တစ်ကား ပြောင်းမှ နောက်တစ်ကားကို စောင့်မျှော် ကြည့်ရှုခဲ့ကြရ သော်လည်း ယခုကဲ့သို့ ရုံပြိုင် စနစ်ဖြင့် ပြသခြင်းဖြင့် ရုပ်ရှင် ချစ်ပရိသတ်များ အနေဖြင့် တစ်လလျှင် မြန်မာရုပ်ရှင် ဇာတ်ကားကြီး သုံးလေး ကားကို စိတ်ကြိုက ်ရွေးချယ် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခု လက်ရှိတွင် ရန်ကုန်မြို့ရှိ သမ္မတ၊ သွင်၊ မင်္ဂလာစံပြ၊ မင်္ဂလာ၊ ဝဇီရာနှင့် ဝင်းလိုက် ရုပ်ရှင်ရုံတို့တွင် ခန့်စည်သူ၊ ခိုင်သင်းကြည်နှင့် အိချောပို တို့ ပါဝင် သရုပ်ဆောင်ထားသည့် “ကောင်းကျိုးကိုယ်၌ တည်စေမင်း” ဇာတ်ကား ရုံတင် ပြသလျက် ရှိပြီး ယင်းနောက်တွင် “နက္ခတ်မှားတဲ့ တိုက်ပွဲ” ဇာတ်ကားရုံတင် ပြသမည် ဖြစ်ကာ ယင်းဇာတ်ကားတွင် နေတိုးနှင့် သက်မွန်မြင့် တို့က အဓိက ပါဝင် သရုပ်ဆောင် ထားကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117