Connect with us

Culture & Entertainment

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရုပ်ရှင်ရုံများ၌ ရုပ်ရှင်ပြသခြင်းများ မတ်လ ၁၆ ရက်မှ စတင်၍ ရပ်ဆိုင်းထားရန် အသိပေး ကြေညာ

ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံ တစ်ရုံရှေ့တွင် နှာခေါင်းစည်း တပ်ဆင်ထားသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၆ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရုပ်ရှင်ရုံများ၌ ရုပ်ရှင်ပြသခြင်းများအား ယနေ့ မတ်လ ၁၆ ရက်မှ စတင်၍ ရပ်ဆိုင်း ထားရန် ပြန်ကြားရေး ဝန်ကြီးဌာနမှ အသိပေး ကြေညာခဲ့သည်။

COVID-19 ကူးစက်ပြန့်ပွားမှုသည် လူစုလူဝေးများမှ တစ်ဆင့် လျင်မြန်စွာ ဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူများ၏ ကျန်းမာရေးကို အလေးပေး ရှေးရှုသောအားဖြင့် ရပ်ဆိုင်းထားခြင်း ဖြစ်ကြောင်း သိရသည်။Coronavirus Disease 2019 (COVID-19) သည် ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားနိုင်သည့် ကမ္ဘာ့ကပ်ရောဂါဖြစ်ကြောင်း မတ် ၁၁ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတ်မှတ် ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။(Xinhua)