ချင်းသောင် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေတပ်) တည်ထောင်ခြင်း နှစ် ၇ဝ ပြည့် အခမ်းအနားသို့တက်ရောက်လာကြသော နိုင်ငံအသီးသီးမှ ရေတပ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များကို ယနေ့နံနက်(ဧပြီ ၂၃ ရက်)တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC)ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ ပေကျင်းမြို့သို့အလည်အပတ်ရောက်ရှိနေသော မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ(WPK) ဥက္ကဋ္ဌ နှင့် မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံတော်ရေးရာကော်မရှင်ဥက္ကဋ္ဌ ကင်ဂျုံအမ် အား ဇန်နဝါရီ ၈ ရက်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့တော်၌ ဒီဇင်ဘာ၁၈ ရက်တွင် ကျင်းပမည့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄ဝ ပြည့်အခမ်းအနား ညီလာခံသို့တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်တို့သည် “ အနာဂတ်ကာလတွင် သင့်တော်သောအချိန်တစ်ခု၌ နှစ်နိုင်ငံအပြန်အလှန် လည်ပတ်ကြရန်” သဘောတူညီမှုရရှိခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက ဒီဇင်ဘာ ၁ ရက် ညပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် နိုဝင်ဘာ ၁၅ ရက် မှ ၂၁ ရက်အထိ ပါပူဝါနယူးဂီနီ ၊ ဘရူနိုင်း နှင့် ဖိလစ်ပိုင်နိုင်ငံများသို့နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက် မှ ၁၈ ရက်အထိ ပါပူဝါနယူးဂီနိုင်ငံ ပို့မိုရက်စ်ဘီမြို့( Port...
ဆန်ယန်း ၊ စက်တင်ဘာ ၃ဝ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က စစ်ပွဲများတွင် အနိုင်ရရှိစေရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ထားရန် ၊ စစ်ရေးလေ့ကျင့်မှုကို တိုးမြှင့်လုပ်ဆောင်သွားရန် နှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ပွဲအတွက် အသင့်ပြင်ဆင်ထားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း နှစ် ၇ဝ ပြည့်အတွက် ဝမ်းမြောက်ဂုဏ်ယူ ကြောင်း သဝဏ်လွှာတစ်စောင်ကို မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ် ထံသို့ စက်တင်ဘာ ၉...
ပေကျင်း ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် စက်တင်ဘာ ၃ ရက် မှ ၄ ရက်ထိ ပေကျင်းမြို့၌ ကျင်းပမည့် ၂ဝ၁၈ ခုနှစ် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု(FOCAC) ဖိုရမ်သို့တက်ရောက်ရန် ရောက်ရှိနေသော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဂူတာရက်စ်အား စက်တင်ဘာ ၂ ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ၂၀၁၈ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (FOCAC) ဆိုင်ရာ ပေကျင်းထိပ်သီးအစည်းအဝေးပွဲ မတိုင်မီ ကိုမိုရိုနိုင်ငံ သမ္မတ Azali Assoumani နှင့် စက်တင်ဘာ ၁ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဘိုအောက် ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) လွန်ခဲ့သော တစ်နှစ်က ဒါဗိုစ့်မြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မိန့်ခွန်းပြောကြားစဉ် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က လွတ်လပ်စွာကုန်သွယ်ရေးမူဝါဒအားခုခံကာကွယ်ပြောကြားခဲ့သည်။