Connect with us

Politics, Law & Military

တရုတ်သမ္မတရှီက “ကွန်မြူနစ်အနီရောင်နိုင်ငံရေးစွမ်းပကား” ကိုပြန်ပြောင်းသတိရရန် ပြောကြား

ကျန့်ကျူး ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က “ ကွန်မြူနစ် အနီရောင်နိုင်ငံရေးစွမ်းပကား” ၏ မူလဇစ်မြစ်ကို အသွေးအသားထဲ အစဉ်ထိန်းသိမ်းထားကြရန် စက်တင်ဘာ ၁၆ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။

ယခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်သည့် နှစ် ၇ဝ ပြည့် အခါသမယဖြစ်သည်။ယင်းကာလတွင် ပညာရေးစည်းရုံးလှုံ့ဆော်မှု ကြွေးကြော်သံဖြစ်သော “ ကျွနု်ပ်တို့ရဲ့ထူထောင်မှုအတွက် အမှန်တရား၌ နေထိုင်ခြင်း”အကြောင်းကို ရှီက ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ CPC အဖွဲ့များ နှင့် ပြည်သူများအနေဖြင့် စည်းလုံးညီညွတ်စေရန် အနီရောင်အစဉ်အလာများနှင့်သက်ဆိုင်သည့် ပညာရေးစနစ်ကို လက်ခံရရှိသင့်ကြောင်း နှင့် ၎င်းတို့၏အတွေးအခေါ် နှင့် ယုံကြည်မှုများကို တိုးမြှင့်သွားသင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အလယ်ပိုင်းဒေသ ဟီနန်(Henan) ပြည်နယ်သို့သွားရောက်သော စစ်ဆေးရေးခရီးစဉ်အတွင်း သမ္မတရှီက က တရုတ်လူမျိုးတို့၏သွင်ပြင်လက္ခဏာနှင့်အတူ ဆိုရှယ်လစ်လမ်းကြောင်းပေါ်တွင် မယိမ်းမယိုင်ခိုင်မာစွာဖြင့် ရှေ့သို့ဆက်လက်ချီတက်နေကြောင်း ပြောကြားခဲ့သည်။တော်လှန်ရေးအာဇာနည်သူရဲကောင်းများကို ဦးညွှတ်အလေးပြုရေးအတွက် ရာစုနှစ်နှစ်ခု၏ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင် ကြိုးပမ်းအားထုတ်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။(Xinhua)