Connect with us

Politics, Law & Military

တရုတ်သမ္မတရှီကျင့်ဖိန်က အမျိုးသားနေ့အခမ်းအနားတွင် အရေးကြီးမိန့်ခွန်းပြောကြားမည်

ပေကျင်း ၊ သြဂုတ် ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း နှစ် ၇ဝ ပြည့် ဂုဏ်ပြုအခမ်းအနားသို့တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သူ ရှီကျင့်ဖိန်သည် နှစ် ၇ဝ ပြည့်အမျိုးသားနေ့အခမ်းအနားတွင် အရေးကြီး မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

ယင်းမှာ စစ်ရေးပြချီတက်ပွဲ နှင့် လူပေါင်းများစွာဖြင့် အရောင်အသွေးစုံလင်လှသည့် ကြီးကျယ်ခမ်းနားသော အခမ်းအနား တစ်ခု ဖြစ်လိမ့်မည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြည်သူ့ဆက်ဆံရေးဌာန အမှုဆောင် ဒုတိယအကြီးအကဲ Wang Xiaohui က ဆိုသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117