ပဲရစ် ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) လွန်ခဲ့သော ငါးရက်က ဘေရွတ်ဆိပ်ကမ်း၌ ကြီးမားသော ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့ရသည့် လက်ဘနွန်ပြည်သူများအား ကူညီရန် ကုလသမဂ္ဂ၏ ဦးဆောင်မှုအောက်တွင် ကောင်းစွာ ညှိနှိုင်းဆောင်ရွက်မှုနှင့်အတူ နိုင်ငံတကာအသိုက်အဝိုင်းအနေဖြင့် အချိန်နှင့်တစ်ပြေညီ လုံလောက်သော အကူအညီများ ပေးရန် ဩဂုတ် ၉ ရက်တွင် ကတိပြုခဲ့ကြသည်။
ဘေရွတ်၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်၌ ပေါက်ကွဲမှု ဖြစ်ပွားရာ ဘေရွတ် ဆိပ်ကမ်းတွင် ရှာဖွေကယ်ဆယ်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသော်လည်း အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေတွေ့ရှိနိုင်မည့် မျှော်လင့်ချက်မှာ နည်းပါးသွားပြီဖြစ်ကြောင်း လက်ဘနွန် စစ်တပ်က ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။
ဘေရွတ်၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တွင် ဖြစ်ပွားလျက်ရှိသော ကြီးမားသည့် ဆန္ဒပြလှုပ်ရှားမှုများသည် ဩဂုတ် ၉ ရက်အထိ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘေရွတ်၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တွင် ဩဂုတ် ၈ ရက်က ဆန္ဒပြလှုပ်ရှားမှုကြီး ဖြစ်ပွားခဲ့ရာ ဆန္ဒပြသူနှင့် ရဲတပ်ဖွဲ့အကြား ပြင်းထန်သည့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ၊အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး ၂၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘေရွတ်၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှုကြီးများကြောင့် သေဆုံးသူအရေအတွက်မှာ ၁၅၄ ဦးအထိမြင့်တက်လာခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဟာမတ် ဟတ်ဆန်က ဩဂုတ် ၇ ရက်၌ ပြောကြားခဲ့သည်။
ဘေရွတ်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၌ သြဂုတ် ၄ ရက်က ဖြစ်ပွားခဲ့သည့် ကြောက်မက်ဖွယ်ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စုစုပေါင်း ဘေရွတ်ဆိပ်ကမ်းအလုပ်သမား ၁၆ ဦးကို ထိန်းသိမ်းထားကြောင်း စစ်ခုံရုံးတရားသူကြီးဆိုင်ရာ အစိုးရကော်မရှင်နာမင်းကြီး Fadi Akiki က သြဂုတ် ၆ ရက်ညနေက ကြေညာခဲ့သည်။
ဘေရွတ် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းတွင် သြဂုတ် ၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ပေါက်ကွဲမှုအတွင်း သေဆုံးသူ ဦးရေသည် လက်ရှိအချိန်တွင် ၇၃ ဦးအထိမြင့်တက်လာပြီး ဒဏ်ရာရသူ အရေအတွက်မှာလည်း ၃,၇၀၀ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။
ဘေရွတ်၊ဩဂုတ် ၅ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဩဂုတ် ၄ ရက်ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရဲဘက်ဆိုင်ရာနှင့်ဆေးဝန်ထမ်းများ၏ ပြောကြားချက်အရ ပေါက်ကွဲမှုအတွင်း အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပြီး အဆောက်အအုံအမြောက်အမြားပျက်စီးခဲ့ကြောင်း သိရသည်။
ဘေရွတ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) နစ်ဆန်း (Nissan) အကြီးအကဲဟောင်း ကားလို့စ်ဂွန်း (Carlos Ghosn) က ၎င်းအနေဖြင့် ဂျပန်နိုင်ငံမှ လက်ဘနွန်နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်ရန် စီစဉ်မှုတွင် ကိုယ်တိုင်လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဇန်နဝါရီ ၂ ရက်တွင် ကြေညာခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
ဘေရွတ် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) လက်ဘနွန် နိုင်ငံ၌ လူနေမှု အဆင့်အတန်း နိမ့်ကျမှုများကြောင့် ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှုများ အကြောင်း သတင်း ဖော်ပြ ခဲ့ပြီးနောက် မြို့တော် ဘေရွတ်၌ ဒီဇင်ဘာ ၄ ရက်တွင် ဆန္ဒပြပွဲကြီး တစ်ခုအား လက်ဘနွန် နိုင်ငံသားများက ပြုလုပ်ခဲ့ကြောင်း...