Connect with us

Africa & Middle East

 ပေါက်ကွဲမှုဖြစ်ပွားခဲ့သော လက်ဘနွန်နိုင်ငံသို့ အကူအညီပေးရန် နိုင်ငံတကာအသိုင်းအဝိုင်း ကတိပြု

လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်း၌ ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော အဆောက်အဦများကို ဩဂုတ် ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 ပဲရစ် ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) 

လွန်ခဲ့သော ငါးရက်က ဘေရွတ်ဆိပ်ကမ်း၌ ကြီးမားသော ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့ရသည့် လက်ဘနွန်ပြည်သူများအား ကူညီရန် ကုလသမဂ္ဂ၏ ဦးဆောင်မှုအောက်တွင် ကောင်းစွာ ညှိနှိုင်းဆောင်ရွက်မှုနှင့်အတူ နိုင်ငံတကာအသိုက်အဝိုင်းအနေဖြင့် အချိန်နှင့်တစ်ပြေညီ လုံလောက်သော အကူအညီများ ပေးရန် ဩဂုတ် ၉ ရက်တွင် ကတိပြုခဲ့ကြသည်။ 

ပြင်သစ်နိုင်ငံ သမ္မတ Emmanuel Macron က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဗြိတိန် ၊ ကာတာ ၊ အမေရိကန် ၊ ဥရောပသမဂ္ဂ ၊ တရုတ် ၊ ကမ္ဘာ့ဘဏ် နှင့် အခြားနိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်သော ကုလသမဂ္ဂ ကျောထောက်နောက်ခံပေးထားသည့် virtual conference ဆွေးနွေးပွဲပြီးနောက် လက်ဘနွန်နိုင်ငံ ပြည်သူများအား ထောက်ပံ့မှုများပြုလုပ်သွားရန် စည်းလုံးညီညွတ်မှု နှင့်အတူ ကတိပြုသည့် ပူးတွဲကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ 

ပြင်သစ်နိုင်ငံ သမ္မတ Emmanuel Macron ကို တွေ့ရစဉ်(ဆင်ဟွာ

ကုလသမဂ္ဂ၏ ဦးဆောင်မှုအောက်တွင် ကောင်းစွာ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး အတတ်နိုင်ဆုံး ထိရောက်မှု နှင့် ပွင့်လင်းမြင်သာမှုများဖြင့် လက်ဘနွန်နိုင်ငံရှိ ပြည်သူများထံ တိုက်ရိုက်ပေးပို့ပြီး ၎င်းတို့၏ လိုအပ်ချက်များနှင့်အညီ ကူညီထောက်ပံ့မှုများကို အချိန်နှင့်တစ်ပြေးညီ ၊ လုံလောက်မှုရှိရှိဖြင့် ထောက်ပံ့ကူညီသွားရန်  နိုင်ငံများက သဘောတူခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ 

 

လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းသို့ ဩဂုတ် ရက်က သွားရောက်ခဲ့သည့် ပြင်သစ်နိုင်ငံ သမ္မတ Emmanuel Macron ကို တွေ့ရစဉ်(ဆင်ဟွာ

ကုလသမဂ္ဂလက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ် Amina Mohammed က လက်ဘနွန်နိုင်ငံက အဖြစ်ဆိုးကို ကျော်လွှားပြီး ပြန်လည်ကောင်းမွန်လာရေး ကူညီရန် အားလုံး၏ အကူအညီများ လိုအပ်ကြောင်း ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

“ကျွန်မတို့ လုပ်နိုင်တဲ့ နည်းလမ်းတွေ အကုန်လုံးနဲ့ လက်ဘနွန်ပြည်သူတွေကို ကူညီဖို့ ကုလသမဂ္ဂက ကတိပြုထားတယ်ဆိုတာကို ကျွန်မထပ်လောင်း ပြောကြားလိုပါတယ် ”ဟု ၎င်းက ဆိုခဲ့သည်။ ကုလသမဂ္ဂလက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ် Amina Mohammed က ကျန်းမာရေး ၊ အစားအစာ ၊ အဆောက်အဦများ ပြန်လည်ထူထောင်ရေး နှင့် စာသင်ကျောင်းများ ပြန်လည်ထူထောင်ရေး ဦးစားပေး ကဏ္ဍ လေးခုကို အဓိကထား ထောက်ပံ့မှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ 

 

အဆိုပါ ဆွေးနွေးပွဲတွင် လက်ဘနွန်နိုင်ငံ သမ္မတ Michel Aoun က ဘေရွတ်မြို့ ပြန်လည်တည်ဆောက်ရေးအတွက် အားစိုက်ထုတ်မှု နှင့် အရင်းအမြစ်များစွာ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ 

COVID-19  ဂယက်ရိုက်ခတ်မှု နှင့် နိုင်ငံ၌ ဒုက္ခသည် တစ်သန်းကျော် ရှိနေမှုများကြောင့် စီးပွားရေး နှင့် ဘဏ္ဍာရေး အကျပ်အတည်းဖြစ်ပေါ်နေစဉ် ယခုရိုက်ခတ်မှုကြီး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းတို့အားလုံးကို ကိုင်တွယ်ဖြေရှင်းရန်မှာ လက်ဘနွန်နိုင်ငံ၏ လုပ်နိုင်စွမ်းထက် ပိုမိုကျော်လွန်နေကြောင်း လက်ဘနွန်နိုင်ငံ သမ္မတ Michel Aoun က မှတ်ချက်ပြုခဲ့သည်။

 

ကတိပြုထားသည့် အရေးပေါ်အကူအညီ သို့မဟုတ် အမြန်ဆုံး စုဆောင်းရရှိငွေ စုစုပေါင်း မှာ ယူရိုငွေ ၂၅၂ သန်းကျော် (အမေရိကန် ဒေါ်လာ  ၂၉၇ ဒသမ ၀၈ သန်း) ရှိကြောင်း ပြင်သစ်သမ္မတက ဆိုသည်။ 

 

ပြင်သစ်နိုင်ငံ သမ္မတ Emmanuel Macron က ၎င်း၏ တွစ်တာစာမျက်နှာမှတစ်ဆင့် “ ကျွန်တော်တို့အနေနဲ့ ၊ ကမ္ဘာ့အသိုက်အဝန်းအနေနဲ့ လက်ဘနွန်နိုင်ငံရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေနဲ့ မိတ်ဘက်တွေ အနေနဲ့ လက်ဘနွန်ပြည်သူတွေကို   မျက်နှာလွှဲ ပစ်ထားလိမ့်မယ် မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။ (xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117