ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ကမ္ဘာ့ရေဝပ်ဒေသများနေ့တွင် အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား ဆဋ္ဌမမြောက် အရှေ့ အာရှ − ဩစတြေးလျအာရှ ငှက်ပျံသန်းရာလမ်းကြောင်းကွန်ရက်နယ်မြေအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဧရိယာအတွင်းရှိ နယ်မြေလေးခုတွင် အဖွဲ့လေးဖွဲ့ခွဲ၍ ငှက်စာရင်းကောက်ယူခြင်းကို ဇန်နဝါရီ ၁၂ ရက်က ဆောင်ရွက်ခဲ့ကြောင်း ယင်းအစီစဉ်တွင် အင်းလေးကန်၊ ဘီလူးချောင်း၊ စံကားအင်း နှင့် မိုးဗြဲဆည်(ဖယ်ခုံအင်း)တို့ပါဝင်ကြောင်းသိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်ဖောင်တော်ဦးမြတ်စွာဘုရားကိန်းဝပ် စံပယ်တော်မူသည့် အင်းလေးကန် အနောက်ပတ်လမ်း ၂၆ မိုင်ကို ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေ ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူဖောက်လုပ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) လွိုင်ကော်မြို့မှ အင်းလေးကန်အထိ ရေလမ်းကြောင်းတစ်လျှောက် လည်ပတ်စရာ ခရီးစဉ်သစ်များ ဖော်ဆောင်မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန(လွိုင်ကော်)ထံမှ သိရသည်။
ရန်ကုန် ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ရှိသည့် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး အင်းလေးကန်ကို မြန်မာနိုင်ငံ၏ ပထမဆုံး ဇီဝအဝန်းနယ်မြေ အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO ) က သတ်မှတ်လိုက်ကြောင်း ရှမ်းပြည်နယ်၊...