Connect with us

Social

အင်းလေးကန်နှင့် လွိုင်ကော်ကြား ရေလမ်းကြောင်းဖြင့် လည်ပတ်နိုင်မည့် ခရီးစဉ် ဖော်ဆောင်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

လွိုင်ကော်မြို့မှ အင်းလေးကန်အထိ ရေလမ်းကြောင်းတစ်လျှောက် လည်ပတ်စရာ ခရီးစဉ်သစ်များ ဖော်ဆောင်မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန(လွိုင်ကော်)ထံမှ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနနှင့် ပြည်တွင်း ခရီးသွား ကုမ္ပဏီများ ပူးပေါင်း၍ အဆိုပါ ခရီးစဉ်သစ်ကို ဖော်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ကယားပြည်နယ် ဘီလူးချောင်းပေါ်၌ တည်ဆောက်ထားသည့် မိုးဗြဲရေလှောင်တမံ ရေထိန်းတံခါး ကြံ့ခိုင်ရေး ပြင်ဆင်ခြင်းနှင့် ခရီးစဉ်များ ပြေးဆွဲနိုင်ရေး ပူးပေါင်း ဆောင်ရွက် လျက်ရှိရာ လက်ရှိတွင် ရေလမ်းကြောင်းမှာ နိုဝင်ဘာ ၂၁ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ပြီးကြောင်း သိရသည်။

ကယားပြည်နယ်သို့ ၂ဝ၁၆ ခုနှစ်အတွင်း ပြည်တွင်းခရီးသွား ဧည့်သည် ၁၆ဝဝဝ ကျော်နှင့် နိုင်ငံခြား ခရီးသွား ဧည့်သည် ၆ဝဝဝကျော်၊ ၂ဝ၁၇ ခုနှစ်တွင် ပြည်တွင်း ခရီးသွား ဧည့်သည် ၂၃ဝဝဝ ကျော်နှင့် နိုင်ငံခြားခရီးသွား ဧည့်သည် ၆၅ဝဝ ကျော် လာရောက် လည်ပတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)